ကျွန်းစုမြို့နယ်၌ လှိုင်းလေပြင်းထန်မှုကြောင့် ခရီးသည်တင် စက်လှေတစ်စင်းနစ်မြုပ်မှုဖြစ်ပွား


ကျွန်းစုမြို့ အ၀င်။ ဓါတ်ပုံ - မြိတ်ပုလဲမြေ 
 မြိတ် ဧပြီ ၂၄

 တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင် ကျွန်းစုမြို့နယ် တောပြားကြီး ကျေးရွာအုပ်စု တောပြားကြီးကျေးရွာ အရှေ့ရေပြင်တွင် ဧပြီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ခရီးသည် တင် စက်လှေတစ်စင်း လှိုင်းလေပြင်း ထန်မှုကြောင့် စက်လှေနစ်မြုပ်မှု ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် တော ပြားကြီးကျေးရွာအုပ်စု တောပြားကြီး ကျေးရွာ အရှေ့ရေပြင်၊ ကျွန်းစုမြို့နယ် ၏ တောင်ဘက်ရေမိုင် ၄ဝ ခန့်အကွာ တွင် ဧပြီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်က ရေကန်တောင်ကျေးရွာအုပ်စု ရေကန်တောင်ကျေးရွာနေ ဦးချစ်ပုန်း (ခ)လှဌေး (၄ဝ နှစ်) ရေလုပ်ငန်း လုပ်ကိုင်သူပိုင်ဆိုင်သည့် ယုဇနဌေး အမည်ရှိ အလျားပေ ၆ဝ၊ အနံ ၁၂ ပေ၊ စောက် ၇ ဒသမ ၅ ပေ၊ လေးလုံးထိုး(ဝမ်းထိုင်) စက်တပ် သစ်သားခွံ ခရီးသည်တင်စက်လှေ သည် ခရီးသည် ၃ဝ ခန့်နှင့် ဆန်အိတ် ၁ဝဝ၊ အခြားစားသောက်ကုန်ပစ္စည်းတင်ဆောင်ပြီး မြိတ်မြို့မှ ရေကန် တောင်ကျေးရွာသို့ မောင်းနှင်လာစဉ် လှိုင်းလေပြင်းထန်မှုကြောင့် စက်လှေ ထဲသို့ရေများဝင်ရောက်ပြီး စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေနစ်မြုပ်မည့် အချိန်တွင် ပိုင်ရှင်/ပဲ့နင်းက အနီးရှိ တောပြားကြီးကျေးရွာသို့ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ တောပြား ကြီးကျေးရွာမှ စက်တပ်လှေ ငါးစင်း နှင့် ရွာသား ၂ဝ ခန့်က လာရောက်ပြီး ခရီးသည်များအား တောပြားကြီး ကျေးရွာသို့ ရွှေ့ပြောင်းခေါ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်း စက်လှေနစ်မြုပ်မှုနှင့် ပတ်သက်ပြီး စက်လှေပေါ်ပါ ခရီး သည် ၃ဝ ခန့်သည် အသက်အန္တရာယ် ထိခိုက်မှုမရှိကြောင်းနှင့် စက်လှေပေါ် ပါ ဆန်အိတ် ၁ဝဝ နှင့် အခြား စား သောက်ကုန်ပစ္စည်း စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၂ဝ ခန့် ဆုံးရှုံးသွားခဲ့ပြီး နစ်မြုပ်စက်လှေကို ကျေးရွာမှ စက် လှေများဖြင့် တောပြားကြီးအရှေ့ သဲခုံသို့ ဆွဲယူကာ စက်လှေအတွင်း ရှိရေများကို စုပ်ထုတ်ပြီး ရေကန် တောင်ကျေးရွာသို့ ဆက်လက်ထွက်ခွာ ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 မြင့်ဦး(မြိတ်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment