ခိုးမှု၊ လုယက်မှုကျူးလွန်သူများ ဖမ်းမိ


 ခိုးမှု၊ လုယက်မှုကျူးလွန်ကြောင်း သတင်းရရှိသူများအား ဖမ်းဆီးရမိ စစ်ဆေးရာမှ လုယက်မှုနှင့် ခိုးမှုများပေါ်ပေါက်
ရန်ကုန်၊ ဇူလိုင် ၉

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ခိုးမှု၊လုယက်မှု ကျူးလွန်သူများ ဖမ်းဆီးရမိရေး အတွက် သတင်းစုံစမ်းဆောင်ရွက် ခဲ့ရာ ပြစ်ချက်ဟောင်းများရှိပြီး ခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိသူများဖြစ်သည့် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ရာဇာ(ခ)မိုးစက်အောင်(၁၈)နှစ်၊ အရှည်ကြီး(ခ)ဇော်ထိုက်အောင်၊ (၂၂)နှစ်၊ ထက်နိုင်၊(၂၇)နှစ် နှင့် ကုလား(ခ)ဇော်မျိုးထိုက်၊ (၂၄)နှစ်တို့အား ဖမ်းဆီးရမိခဲ့ ပါသည်။

ယင်းသို့ ဖမ်းဆီးရမိစဉ် မိုးစက်အောင်နှင့် ဇော်ထိုက်အောင်တို့(၂)ဦးထံမှ ဓါးများသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့(၂)ဦးကို အင်းစိန်မြို့မရဲစခန်းတွင် လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ဖမ်းဆီးရမိသည့် ၎င်းတို့(၄)ဦးအား ခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ထက်နိုင်၊ ဇော်မျိုးထိုက်နှင့် နေနိုင်လင်း(စုံစမ်းဆဲ)တို့(၃)ဦးသည် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ပုလဲလမ်း၌ အမျိုးသမီးတစ်ဦး၏လည်ပင်းမှ ရွှေဆွဲကြိုး(၂)ကုံးအားလုယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ၂.၅.၂၀၁၅ ရက်နေ့
နေ့လယ်ပိုင်းအချိန်က ယင်းသို့လုယက်ခံရ၍ အင်းစိန်မြို့မရဲစခန်းတွင် တိုင်တန်းထားရှိသော ပြစ်မှုပုဒ်မ ၃၈၂ အမှုကို ဖော်ထုတ်နိုင်ခဲ့ပါသည်။

ထို့ပြင် ၎င်းတို့(၄)ဦးသည် နေနိုင်လင်း(စုံစမ်းဆဲ)၊ ရန်နိုင်ထွန်း(စုံစမ်းဆဲ) တို့နှင့်အတူ မတ်လနှင့် ဧပြီလအတွင်းက အင်းစိန်မြို့နယ်မှ ဆိုင်ကယ် (၁၄)စီးအားလည်းကောင်း၊ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီနှင့် မေလများ အတွင်းက မရမ်းကုန်းမြို့နယ်မှ ဆိုင်ကယ်(၆)စီးအားလည်းကောင်း၊ ဧပြီလ အတွင်းက လှိုင်သာယာမြို့နယ်မှ ဆိုင်ကယ်(၁)စီးအားလည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်သည့်အပြင် ဧပြီလအတွင်းက ညအချိန်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက် BPI ဆေးဝါး စက်ရုံလမ်း၌ စက်ဘီးနောက်မှလိုက်ပါစီးနင်းလာသည့် အမျိုးသမီး၏ ရွှေဆွဲကြိုး(၁)ကုံးအား လုယူခဲ့ကြောင်းနှင့် မေလအတွင်းက ညအချိန်တွင် လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်ဘုရား အနီးလမ်းပေါ်၌ အမျိုးသားနှင့် အမျိုးသမီးတို့ထံမှ ဆိုင်ကယ် (၁)စီး၊ ရွှေဆွဲကြိုး(၂)ကုံး၊ ဖုန်း(၁)လုံးတို့အား လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့အနက် ထက်နိုင်နှင့် ဇော်မျိုးထိုက်တို့(၂)ဦးသည် မေလအတွင်းက နေ့လယ်ပိုင်းအချိန်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၌ အမျိုးသားတစ်ဦးစီးနင်းလာသည့် စက်ဘီးရှေ့ခြင်းအတွင်းမှ လက်ကိုင်ဖုန်း(၁)လုံးအား နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် မရမ်းကုန်းမြို့နယ်အတွင်းမှ ဆိုင်ကယ်(၁)စီးခိုးယူခဲ့ကြောင်း ပေါ်ပေါက် ခဲ့ပါသည်။

ထို့ပြင် ထက်နိုင်၊ ဇော်မျိုးထိုက်တို့သည် နေနိုင်လင်း(စုံစမ်းဆဲ)၊ ရန်နိုင်လင်း (စုံစမ်းဆဲ)တို့နှင့်(၄)ဦး အတူ ဖေဖော်ဝါရီလအတွင်းက လှိုင်သာယာမြို့နယ်မှ ဆိုင်ကယ်(၂)စီးအား ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိသူ ၎င်းတို့(၄)ဦးထံမှ အမှုများမှပါဆုံးသွားသည့် သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment