ကျောင်းဆရာမတစ်ဦး ရေမြောင်းထဲသို့ဆိုင်ကယ်နှင့်အတူ ပြုတ်ကျသေဆုံး


ဆရာမပြုတ်ကျကွယ်လွန်ခဲ့သည့်စမ်းကြီးချောင်း။ PHOTO BY - TH( Oriental News)
ပေါင်l ဇူလိုင် ၁၀

မွန်ပြည်နယ် ပေါင်မြို့နယ် စမ်းကြီးချောင်းတွင် ဇူလိုင် ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က အ.ထ.က ပေါင်တွင်အလယ်တန်းသင်ကြားသောကျောင်းဝတ်စုံဝတ်ထားသည့် ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်ဟု ပေါင်မြို့မ ရဲစခန်းမှ ဒုရဲအုပ် ရာဇာစိုးမြင့်က ဇူလိုင်လ ၁၀ ရက်တွင်oriental news သို့ပြောသည်။

၎င်းဆရာမ သေဆုံးခဲ့သည် စမ်းကြီးချောင်းသည် အကျယ်အဝန်း ပေ ၃၀ ရှိပြီး အနက်မှာ ၁၀ ပေရှိကြောင်းဒုရဲအုပ် ရာဇာစိုးမြင့်ကဆိုသည်။

သေဆုံးခဲ့သော ကျောင်းဆရာမ ၏အမည်မှာမခင်ညိုထွေးဖြစ်ကြောင်း၊ အသက် ၄၁ နှစ်သာရှိပြီး အိမ်ထောင်မရှိသူဖြစ်ကြောင်းနှင့် အ.ထ.က ပေါင်ကျောင်းတွင်ပဉ္စမတန်းပညာကိုသင်ကြာပေးသည့် ဆရာမတစ်ဦးဖြစ်ကြောင်း ၊ ၄င်းနှင့်အတူ 125 ဆိုင်ကယ်ခဲရောင်ပါ တွေ့ရှိကြောင်း ၄င်းကဆိုသည်။

အ.ထ.က ပေါင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက'' သေဆုံးတဲ့ ဆရာမက ၁၉၉၆ ခုနှစ်မှာ ကျောင်းဆရာမ စလုပ်တယ်။ ပဉ္စမတန်း(c) က အတန်းပိုင်ဆရာမဖြစ်တယ်။ သူ့အလောင်းကို စတွေ့တဲ့အချိန်က ဆိုင်ကယ် အုပ်ထုတ်ဆောင်ထားတယ်လို့ပြောတယ်။
ဆရာမကရိုးရိုးအေးအေးပါ ။ဆိုင်ကယ်လည်း ဖြည်းဖြည်းပဲမောင်းတက်တယ်။
ကျောင်းဖွံ့ဖြိုးမှု လုပ်ငန်းဆို သူကိုပဲ ခိုင်းရတယ်။ အခုလို ဖြစ်သွားတော့ ကျွန်မအနေနဲ့ ရင်ကွဲမတက်ခံစားရတယ်။ နေ့လယ်ထမင်းစားဆင်းလို့ သူ့အိမ်ကို ထမင်းပြန်စားချိန်ဖြစ်တာကြောင့် သူတာဝန်ထမ်းဆောင်နေတဲ့ အချိန်ဖြစ်တယ်လိုပဲ ကျွန်မ သတ်မှတ်မယ်''ဟုပြောသည်။

မျက်မြင် ဒေသခံတစ်ဦးက ''ဆရာမ စမ်းချောင်းနာရောက်တဲ့အချိန်မှာ ဆိုင်ကယ်ဂီယာထိုးလိုက်တော့ ဆိုင်ကယ်က မြောက်တက်ပြီး ရေထဲကို ပြုတ်ကျသွားတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာကို အကြောင်းကြားပြီး ချက်ချင်းဆယ်တော့ ဆိုင်ကယ်က လမ်းရဲ့ လေးပေလောက်အကွာ ချောင်းထဲမှာတွေ့တယ်။ လူကတော့ ပြုတ်ကျနေတဲ့နေရာကနေ ကိုက် ၁၀၀ လောက်မှာ ပြန်ပေါ်နေတယ် ။ တွေ့တဲ့အချိန် အသက်တော့မရှိတော့ဘူး'' ဟုပြောသည်။

ဒုရဲအုပ်ရာဇာစိုးမြင့်က '' ဘာကြောင့် သေလဲဆိုတာတော့ ကျွန်တော်တို့ အတည်းပြုလိုမရသေးဘူး ။အခုချိန်မှာတော့ ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီး သေမှုသေခင်း အမှတ်စဉ် ၁၂နဲ့ စစ်ဆေးနေတယ်။´´ဟုပြောသည်။

၎င်းဆရာမ၏ ဈာပနကို ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်တစ်နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သေဆုံးသူဆရာမ၏မိသားစုဝင် တစ်ဦးကပြောသည်။


သန္တာလှိုင် ( Oriental News)
Oriental News
https://www.facebook.com/orientalnewsmyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment