ကလေးမြို့ စိုးရိမ်ရေမှတ်ကျော်လွန် မြို့ပေါ်အနိမ့်ပိုင်းနေရာများ ရေစတင်ဝင်ရောက်


 မုံရွာ ဇူလိုင် (၃၀)

 စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဇူလိုင်လ(၂၆)ရက်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေများ လျှံတက်ကာ ကလေးမြို့၏ အနိမ့်ပိုင်း အောင်မြေမန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ချမ်းမြေ့အောင်စည် ရပ်ကွက်များ ရေများဝင်ရောက်ခဲ့ကာ ဇူလိုင်(၃၀)ရက်နေ့ နံနက်(၁၀) နာရီ အချိန်တွင် မြစ်သာမြစ်ရေ သည် ကလေးမြို့၏ စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၁၅၆၄)စင်တီမီတာကို ရောက်ရှိ နေသည်။ ထို့အပြင် ကျီကုန်းကျေးရွာ၊ ဖောင်ကူး ကျေးရွာ၊ စီသာ ကျေးရွာ၊ သဖန်းအိုင် ကျေးရွာများတွင် ရွာလုံးကျွတ် ရေမြုပ်နေပြီဖြစ်ကြောင်း သိရသည်။


ယနေ့ နံနက် (၁ဝး၃၀) နာရီ အချိန် တိုင်းထွက်ချက်အရ ကလေးဝမြို့နယ်ရှိ ချင်းတွင်း မြစ်ရေသည် စိုးရိမ်ရေမှတ် (၁၅၅၀) စင်တီမီတာကို ကျော်လွန်၍ လက်ရှိ ၁၅၇၈ စင်တီမီတာကို ရောက်ရှိနေပြီး ယနေ့နံနက် တိုင်းထွာချက်များအရ ကလေးဝမြို့တွင် မိုးရေချိန်(၁.၂၆)လက်မနှင့် မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် လက်ရှိ (၁၄၃၀)စင်တီမီတာကို ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ (၁၃၃၀) စင်တီမီတာရှိကာ မိုးရေချိန်(၁.၄၂)လက်မရှိကြောင်းနှင့် မင်းကင်းမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ရေများဝင်ရောက်လာသဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်း နေရာ ချထားပေးလျက်ရှိကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment