မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်အတွင်း ပျက်စီးမှုများပြား


မိုးသည်းထန်စွာ ရွာသွန်း၍ ချင်းပြည်နယ်အတွင်း မြေပြိုခြင်း၊ ရေတိုက် စားခြင်းများကြောင့် လမ်းပိတ်ဆို့မှု၊ တံတားများပျက်စီးမှုနှင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွား
ဟားခါး၊ ဇူလိုင် ၃၀

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းခြင်းကြောင့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သည့် မြေပြိုခြင်း၊ ရေတိုက် စားခြင်းများကြောင့် ပျက်စီးခဲ့သည့် လမ်းပိတ်ဆို့မှုအခြေအနေ၊ တံတား ပျက်စီးမှု အခြေအနေနှင့် လူနေအိမ်ပျက်စီးမှုအခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

မြေပြိုမှုကြောင့် လမ်းပိတ်ဆို့မှုများနှင့် ရေကြီးမှုကြောင့် တံတားများပျက်စီးမှု အခြေအနေ (ကလေး-ဖလမ်း-ဟားခါးလမ်း)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

(၁) ကလေး-ဖလမ်း-ဟားခါးလမ်းမိုင်တိုင်(၅၉/၆-၆၀/၀)ကြား ပေ(၅၀) အကျယ် လမ်းသားပဲ့ကျပျက်စီးခဲ့

(၂) ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၈၅/၂-၃) ကတ္တရာလမ်း အရှည် ပေ(၄၀) ခန့် ကွဲအက်၍(၁)ပေခန့် နိမ့်ကျသွားခဲ့၊

(၃) ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၉၅/၅-၆) ကတ္တရာလမ်း (၂)ပေခန့် နိမ့်ကျပျက်စီးခဲ့၊

(၄) ကလေး-ဖလမ်း-ဟားခါးလမ်းမိုင်တိုင် (၉၇/၀-၁) ပေ (၂၀၀) ခန့်လမ်း နိမ့်ကျ ပျက်စီးခဲ့၊

(၅) ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၉၇/၀-၁) ပေ (၁၈၀) ခန့် မြေသား ပဲ့ကျခဲ့ရာ လမ်းသား ၃ ပေသာ ကျန်ရှိခဲ့၊

(၆) ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၁၀၂/၂-၃) ရေကျော်ပြီး လမ်းသား ပျက်စီးခဲ့၊

(၇) ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၁၀၃/၂-၃) ကြား ရေကြီးမှုကြောင့် အကျယ် ၁၈ ပေ၊ အရှည် ၁၄ ပေရှိ ကွန်ကရစ်တံတား ပြိုကျပျက်စီးခဲ့၊

(၈) ကလေး ဖလမ်း ဟားခါးလမ်း မိုင်တိုင် (၁၀၅/၅-၆) ကြား ရေတိုက်စား မှုကြောင့် လမ်းသားအရှည်ပေ (၁၀၀) ခန့် ပဲ့ကျပျက်စီးခဲ့၊

(၉) ကလေး- ဖလမ်း- ဟားခါးလမ်း မိုင်တိုင် (၁၀၇/၁-၃) ကြားနှင့် မိုင်တိုင် (၁၁၁/၀-၁) ကြား၊ မိုင်တိုင် (၁၁၀/၁-၃) ကြားနှင့် မိုင်တိုင် (၁၁၅/၃-၄) ကြားတို့တွင် မြေပြို၍ လမ်းပိတ်ဆို့လျက်ရှိ၊

(၁၀) ကလေး-ဖလမ်း-ဟားခါးလမ်းမိုင်တိုင် (၁၁၂/၃-၄) ပေ (၁၀၀) ခန့် လမ်းသားပဲ့ကျပျက်စီးခဲ့၊

(၁၁) ကလေး-ဖလမ်း-ဟားခါးလမ်းမိုင်တိုင် (၁၁၄/၃-၄) ပေ (၁၂၀) ခန့်မြေပြို၍ လမ်းပိတ်ဆို့လျက်ရှိ၊

( ဟားခါး-ဂန့်ဂေါလမ်း )
▄▄▄▄▄▄▄▄▄▄▄▄▄

(၁) ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင် (၆)၊ (၇) ၊ (၈) ၊ (၁၃) နှင့် (၁၈) မိုင်တို့တွင် တောင်ပြို၍ လမ်းပိတ်ဆို့လျက်ရှိ၊

(၂) ဟားခါး-ဂန့်ဂေါလမ်း ရွာဗန်းကျေးရွာအနီး (၃၁/၃၂) မိုင်နှင့် (၄၇/၄၈) မိုင်အကြားတွင် မြေပြို၍ လမ်းပိတ်ဆို့လျက်ရှိ၊

(၃) ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင် (၂၇/၃-၄) (၁၀) ပေ သစ်သား တံတား ရေမျော ပျက်စီးခဲ့၊

(၄) ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင် (၂၈/၅-၆) ပေ (၄၀) သစ်ဆယ်ပျက်စီး၊

(၅) ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင် (၂၈/၁-၂) ပေ (၁၀၀) မြေပြိုမှုဖြစ်ပွားခဲ့၊

(၆) ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင် (၃၁/၆-၃၂/၀) နှင့် မိုင်တိုင် (၄၇/၇-၄၈/၀) ကြားတို့တွင် မြေပြို၍ လမ်းပိတ်ဆို့လျက်ရှိ၊

(၇) ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင် (၄၀/၇-၄၁/၀) ပေ (၇၀) လမ်းသား ပဲ့ကျပျက်စီးခဲ့၊

(၈) ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင် (၄၂/၂-၃) ပေ (၄၅၀) မြေပြိုမှု ဖြစ်ပွားခဲ့၊

( ကျေးရွာလမ်းများ )
▄▄▄▄▄▄▄▄▄▄▄

(၁) ဟားခါးမြို့နယ် ဆတ္တားကျေးရွာ ရီဗားချောင်းသံကြိုးတံတား အရှည်ပေ (၃၀) ပျက်စီးခဲ့၊

(၂) ဟားခါးမြို့နယ်၊ ဟားခါး-နှီရ်လောန်း လမ်းမြေပြို၍ လမ်းပိတ်ဆို့မှု ဖြစ်ပွား၊

(၃) ဟားခါးမြို့နယ်၊ လေးပီးကျေးရွာ အုပ်စုနှင့် မတူပီမြို့နယ်၊ ဇာတောင်ကျေးရွာအကြား အကျယ် (၆) ပေ၊ အရှည်ပေ (၂၀၀) ရှိသော ဘွေးနူးကြိုးတံတားသည် ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ဟားခါး-မတူပီလမ်း၊ မိုင်တိုင် (၃၂/၃) ရှိ ဘေလီတံဘောင် တံတားမှာ ရေ တိုက်စား၍ ပျက်စီးခဲ့၊

(၄) တွန်းဇန်မြို့နယ်၊ မွာလ်ပီးကျေးရွာနှင့် ဆဲနမ်ကျေးရွာကြားအရှည်ပေ(၁၀၀)၊ အကျယ် (၁၃)ပေ၊ အမြင့်(၁၀)ပေရှိဆီပွာလ်ချောင်းကူးသစ်သား တံတား အလယ်တိုင်သည် ရေတိုက်စား၍ တံတားကြမ်းခင်း များမျောပါခဲ့ပြီး နတ်ဇန်ကျေးရွာဟောင်းနှင့် ရွာသစ်ကြားအရှည်ပေ (၉၀) အကျယ် (၁၃) ပေ၊ အမြင့် (၁၀) ပေရှိတွီးဆောမ်းချောင်းရေကြီးသဖြင့် နတ်ဇန်ရွာဟောင်း ဘက်ရှိတံတားကမ်းကပ်ခံရေတိုက်စားမှုကြောင့် တံတာရေထဲကြိုး ကျ မျောပါပျက်စီးခဲ့၊

အဆိုပါ လမ်းပိတ်ဆို့မှုများအားလမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာလမ်းပိုင်း တာဝန်ခံကုမ္ပဏီများမှ စက်ယန္တရား များဖြင့် ရှင်းလင်းဖယ်ရှားလျက်ရှိသည်။

မြေပြိုမှုကြောင့် အဆောက်အဦပျက်စီးမှုအခြေအနေ ၂၀၁၅ ခု၊ ဇူလိုင် ၂၇ (၀၆၀၀) ချိန် က ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ကတ်သလစ် ဘုရား ကျောင်းအနီး ဦးဗျက်လွဲ၏ နေအိမ် အလျား (၃၀)၊ အနံ (၂၀)၊ (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) (၂) ထပ်သည် မြေပြို၍ ပျက်စီးခဲ့ရာ ၎င်းမိသားစုဝင် (၄) ဦးအားနီးစပ်ရာဆွေမျိုးအိမ်တို့ ပြောင်းရွှေ့နေရာချထားခဲ့သည်။ ဇူလိုင် ၂၇ (၀၇၀၀) ချိန်ကဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ အမှတ် (၁) မြို့ပတ်လမ်းရှိ ဦးလျန်ကျုံးလျန်၏ နေအိမ် ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ရာ ၎င်း၏ မိသားစု (၅) ဦးအားနီးစပ်ရာ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ နေရာချထားခဲ့သည်။ ဇူလိုင် ၂၈ ရက်နေ့တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဦးလျန်မှုန် ၏ နေအိမ်နှင့် ဒေါ်ငွန်နှဲမ်းနေအိမ် တို့သည် အန္တရာယ်ရှိသည့် အခြေအနေ ရှိသောကြောင့် ၎င်းတို့၏ မိသားစုဝင် (၁၅) ဦးတို့အား မြို့ဘုန်းကြီးကျောင်း သို့ ပြောင်းရွှေ့နေရာချထားခဲ့သည်။ ဇူလိုင် ၂၈ (၀၈၀၀) ချိန်တွင် ဟားခါးမြို့ နယ်၊ ဆူးရ်ခွါးကျေးရွာနေဒေါ်ရွန်းငဲမ်းနေအိမ် အလျား (၃၀)၊ အနံ (၁၄) ပေရှိ (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) ပျက်စီးဆုံးရှုံးခဲ့ပြီး ၎င်း၏ မိသားစု (၄) ဦးတို့အား နီးစပ်ရာဆွေမျိုးအိမ်သို့ ပြောင်းရွေ့နေရာချထားခဲ့သည်။ ဇူလိုင် ၂၈ (၀၉၀၀) ချိန်ကဟားခါး-ဖလမ်းလမ်းမိုင်တိုင် (၁၁၀/၂) တွင် နေထိုင်သူဦးလဲအုပ် ၏ နေအိမ် (သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း) (၂) ထပ် ပျက်စီးခဲ့ရာ ၎င်း၏ မိသားစုဝင်များအားနီးစပ်ရာဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ နေရာချထားခဲ့သည်။ ဇူလိုင် ၂၈ (၁၁၀၀) ချိန်က ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ခိုင်ကမ်း အားကစား ရုံ အောက်ရှိ ဦးခွာဟဲနေအိမ် အလျား (၃၀)၊ အနံ (၂၀) ပေ ပတ်လည် (သွပ်မိုး၊ သွပ်ကာ) ပျက်စီးခဲ့ပြီး ၎င်း၏ မိသားဝင်များအား နီးစပ်ရာ ဆွေမျိုးအိမ် သို့ ပြောင်းရွှေ့နေရာချထားခဲ့သည်။ ဇူလိုင် ၂၈ (၁၆၀၀) ချိန် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက် ဦးသော့ထန် နေအိမ် အလျား (၂၄)၊ အနံ (၁၆) ပေ ပတ်လည် (သွပ်မိုး၊ သွပ်ကာ) ပြိုကျပျက်စီးခဲ့ရာ ၎င်း၏ မိသားဝင် (၃) ဦးတို့အား နီးစပ်ရာ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့နေရာ ချထားပေး ခဲ့သည်။

သဘာဝဘေးအန္တရာယ်ကြောင့် ပြောင်းရွှေ့ရသည့် မိသားစုများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment