တစ်သက်တစ်ကျွန်းကျ သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၀ ကျော် ယနေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေငှာချက်အရ လွတ်မြောက်


  ယနေ့ နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ် များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန် သည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၉၆၆ ဦးတို့ ကို ယနေ့  ဇူလိုင်လ ၃၀ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနများမှ ထုတ်ပြန်လိုက်သည်။

ယင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် များပေးကြောင်း ထုတ်ပြန်ကြေငှာခဲ့သည်။

ပြည်နှင်ဒဏ်ပေးခြင်း တို့ပါဝင်ပြီး ယင်းနိုင်ငံခြားသား အကျဉ်းသားများအနက် ဇူလိုင် ၂၂ ရက်က မြစ်ကြီးနားခရိုင် တရားရုံး၌ အမိန့် ချမှတ်ခဲ့သော တရုတ်သစ်ခုတ်သမား ၁၅၅ ဦး ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

ထိုသို့ တရုတ်နိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမှာ ဇွန်လ ၁၀ ရက်နေ့ က တရုတ်တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရပြီး ထိန်းသိမ်း ခံထားရသည့် မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ တရုတ် နိုင်ငံ အစိုးရမှ မြန်မာ နိုင်ငံ သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ တရုတ်သစ်ခိုးထုတ်သူများကို ဇူလိုင်လ ၂၂ ရက်ကမှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခဲ့ပြီးနောက် ၄င်းတို့၏ ဆွေမျိုးများ သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ တန်ချောင် စီရင်စု အစိုရရုံးရှေ့ တွင် ဇူလိုင်လ ၂၃ ကြာသပတေးနေ့က စုရုံးဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘဂျင်းမြို့ရှိ မြန်မာသံအမတ်ကို ဇူလိုင် ၂၂ ရက် တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အရေးယူထားသော တရုတ်နိုင်ငံသား များကို ၎င်းတို့နိုင်ငံတွင် ဆက်လက်အရေးယူမည်ဖြစ်သောကြောင့် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။

‘‘သူပို့ထား တဲ့ စာလည်း ရထားပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးကို တင်ပြထားပါတယ်။ လွှဲပြောင်းဖို့ ရှိ၊ မရှိ သမ္မတရုံးက အကြောင်း မပြန်သေးပါဘူး’’ ဟု မြန်မာကောင်စစ်ရေးရာဌာနမှ ဦးစိန်ဦးက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အပြန်အလှန် လွတ်ပေးခြင်း သဘောမျိုး ဖြစ်သည်။

Ref - Xihua
The Ladies News Journal
https://www.facebook.com/News.TheLadies

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment