ရာဇဂြိုဟ်ဆည်ေ ပါက်သည်ဟု ကောလဟလ သတင်းကြောင့် ကလေးမြို့ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွား


ကလေး သြဂုတ် ၂၈

ယနေ့ နံနက် ၇ နာရီကစ၍ ရာဇဂြိုဟ်ဆည်ပေါက်သည်ဟု သတင်းဖြစ်ပွားကာ ကလေးမြို့အနိမ့်ပိုင်းရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားပြီး နေအိမ်မှ ပြောင်းရွှေ့ရေးကိစ္စများ လုပ်ဆောင်လျက် ကျောင်းသွားနေသော မိမိတို့ သားသမီးများကို ကျောင်းမှပြန်ခေါ်ခဲ့ကြောင်း ကောလဟလသတင်း ဖြစ်ပွားခဲ့ရာ တမူးခရိုင်၊ ကလေးဝ၊ မင်းကင်း၊ ကလေးမြို့နယ်များနှင့် ချင်းပြည်နယ်အထိ သတင်းပြန့်နှံ့ခဲ့ကြောင်း သိရသည်။

“အခုလိုသတင်းထွက်လာတော့ ကျောင်းသားမိဘတွေလာပြီး သူတို့ရဲ့ သားသမီးတွေကို စိုးရိမ်လို့ လာခေါ်ကြတယ်။ ကျွန်မသက်ဆိုင်ရာကို မေးကြည့်တော့ ဆည်က ဘာမှ ဖြစ်ပါဘူး။ ကောလဟလ သတင်းတွေပါ ဆိုပြီး ပြောတယ်။ ကျွန်မကတော့ ကျောင်းသားကျောင်းသူတွေ အိမ်ပြန်ဖို့ ခွင့်မပြုပါဘူး၊ တာဝန်ယူပါတယ်” ဟု အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်းအုပ်ဆရာမကြီးက ပြောသည်။


အဆိုပါကောလဟလ သတင်းပြန့်နှံ့မှုကြောင့် ကလေးခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ခရိုင်စီမံခန့်ခွဲမှု ကော်မတီနှင့် ရာဇဂြိုဟ်ဆည် တည်ဆောက်ရေး တာဝန်ယူထားသည့် တည်ဆောက်ရေး(၄)ကို တယ်လီဖုန်းဖြင့် မေးမြန်းရာ၌ ရာဇဂြိုဟ်ဆည် မပေါက်ကြောင်း သိရှိရ၍ ပြည်သူများအား စိုးရိမ်ထိတ်လန့်မှုမရှိအောင် လက်လှမ်းမီရာ ပြည်သူများနှင့် တယ်လီဖုန်း၊ အွန်လိုင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြို့တွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ပြန်ကြားပေးခဲ့သည်။

“ရာဇဂြိုဟ်ဆည် ရေမကြီးပါဘူး။ ဆည်ရေ တစ်ပေတော့ တက်တယ်။ ဒါပုံမှန်ပါပဲ။ ကလေးမြို့ တောင်ဘက်ပိုင်း နတ်မြောင်းချောင်းရေကတော့ ရေနည်းနည်းကြီးနေတာပဲ ကြားတယ်။ အဲဒါရာဇဂြိုဟ်ဆည်နဲ့ မဆိုင်ပါဘူး။ ဒါ့အပြင် ဒီသတင်းထွက်နေတဲ့အချိန်မှာ ရာဇဂြိုဟ်ဆည်မှာ ဦးမော်မော်နိုင်(EE)ကိုယ်တိုင် ထိုင်နေပါတယ်။ တမံဘက်ခြမ်းမှာ လုပ်သား ၂၀၀ ခန့်နဲ့ ရေအားလျှပ်စစ်အပိုင်းမှာ လုပ်သား ၁၀၀ ကျော် အလုပ်လုပ်နေကြပါတယ်။ ဆည်ရဲ့ ကန်ရေအမှတ်ကတော့ ၆၄၂ ဒသမ ၈ ပေ၊ ဆည်ရဲ့ စိုးရိမ်ရေအမှတ်ကတော့ ၆၅၅ ပေနဲ့ တမံရေပြည့် အမှတ်ကတော့ ၆၆၀ ပေ ရှိနေပါတယ်။ ပြည်သူတွေ စိုးရိမ်လို့ မေးမြန်းချင်တယ်ဆိုရင် ဖုန်း၊ ၀၉-၆၄၇၂၀၀၁ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်” ဟု ရာဇဂြိုဟ်ဆည်မှ ၀န်ထမ်း ဦးဗညားစိုးက ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းအား ဆက်သွယ်မေးမြန်းကြည့်ရာ သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်မှ စ၍ ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တွန်းဇံမြို့နယ်မှ ကလေးမြို့နယ်သို့ စီးဆင်းသည့် ကလေးဒေသအခေါ် နတ်မြောင်းတောင်ကျချောင်းရေကြီးကာ အိမ်ခြေ ၆၀ နှင့် ၇၀ ကြား ခန့်စီရှိသော တွီးခင်ဇန်နှင့် ဟားခါးလေးရွာ နှစ်ရွာ၏ ချောင်းနံဘေး အိမ်များ ရေတိုက်စားကာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကလေးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment