မိသားစုဝင်ဆင်ငယ်လေးကို ချန်ထားခဲ့ရပြီး ပဲခူးရိုးမပျော်ဆင်ငါးကောင် မူရင်းဒေသသို့ ပြန်ရောက်တော့မည်


 မြို့သစ် သြဂုတ် ၃ဝ

 ပဲခူးရိုးမပျော် ဆင်ခြောက်ကောင် သည် သြဂုတ် ၁၈ ရက် နံနက် ၆ နာရီမှစ၍ နတ်မောက်မြို့နယ် ရွှေနတ်ကယ်တောင်သို့ မျက်စိလည် လမ်းပျောက်ကာ ရောက်ရှိလာပြီး သြဂုတ် ၃ဝ ရက်အထိ မိမိတို့ ဒေသသို့ ပြန်လည်မရောက်ရှိသေး ပေ။ ဆင်ခြောက်ကောင်အုပ်အနက်မှ ဆင်ငယ်တစ်ကောင် သည် သြဂုတ် ၂၆ ရက်က ညောင်ဦးမြို့နယ် တူရင်းတောင်ခြေ၌ မျက်ခြည်ပြတ်၍ ကွဲကျန်ရစ်ခဲ့သည်။

'' သူတို့တွေရဲ့ မွေးရပ်၊ နေရပ်၊ ကျက်စားနေတဲ့အရပ်ဆီမှာ သစ်ခုတ် တဲ့လုပ်ငန်းတွေ ရှိနေသလား။ ဒါမှ မဟုတ် သူတို့ကျက်စားတဲ့ နေရာ တွေမှာ တောင်ယာတွေ ခုတ်နေ ကြသလား။ ပြီးတော့ တောတွေ ခုတ်နေကြသလား။ လူနေအိမ်တွေပဲ ဆောက်နေကြတာလား။ ဒါကြောင့်မို့ သူတို့လည်း နေစရာမရှိတော့တာလို့ ထင်ပါရဲ့။ နောက်ထပ်သူတို့ နေတဲ့ နေရာနဲ့ တခြားဝေးတဲ့နေရာ ရွှေ့ သွားမယ်။ နောက်ထပ်ဘယ်နေရာများ ရွှေ့လို့ရမလဲဆိုတဲ့ သဘောမျိုးနဲ့ ထွက်လာတယ်လို့ ထင်ပါတယ်။ ဒါကိုလည်း လေ့လာမှုတွေလုပ်ဖို့ သက်ဆိုင်ရာလူကြီးတွေ အစည်း အဝေးလုပ်နေကြပါတယ်'' Wildlife Conservation Society (WCS) မှ ဦးစောထူးသာဘုန်းက မြန်မာ့အလင်းသို့ ပြောသည်။

သူတို့မွေးဖွားရာနေရပ်ကို စွန့်ခွာ လာရခြင်းမှာ သူတို့အတွက် အစာ ရေစာရှားပါးလာခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ဖြစ်မည် ထင်ပါကြောင်း၊ မိမိတို့နေစရာ တောအုပ်ကလေးများ တွေ့မည်လား ဆိုသည့်ရည်ရွယ်ချက်ဖြင့် မိုင်ရာချီ သည့်ခရီးကြမ်းကို အသက်စွန့်ပြီး ရေကြည်ရာမြက်နုရာကို လိုက်ရှာနေ သည်ဟုထင်ရကြောင်း ပညာရှင်အချို့ က သုံးသပ်နေသည်ကိုလည်း သိရ သည်။

ယခုအချိန်အထိ ဘယ်စိုက်ခင်း၊ ဘယ်ပြည်သူကိုမှ ထိခိုက်မှုမပြု၊ အန္တရာယ်မပြုဘဲ သူတို့လိုလားသည့် လမ်းကြောင်းကိုသာ အေးအေးချမ်း ချမ်းနှင့်လိုက်ရှာနေကြောင်း၊ သို့သော် အထူးအဆန်းမြင်လျှင် စူးစမ်းချင် သည့် လူများ၊ ကြည့်ချင်သည့်လူများ၊ စနောက်ချင်သည့် လူများကြောင့် ဆင်အုပ်က လူများနောက်သို့လိုက် ခြင်း၊ တက်နင်းမိခြင်း၊ နှာမောင်းနှင့် ရိုက်မိခဲ့ခြင်း စသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စိုက်ခင်းများ၊ အိုးအိမ်များကို ဖျက်ဆီးခြင်းမပြု၊ ပြုလျှင်ဖြစ်လာမည့် အန္တရာယ်ကိုလည်း နားလည်ပုံရသော ဆင်အုပ်ကြီးမှာ မိမိတို့၏မိသားစု ဝင်ဆင်ငယ်တစ်ကောင်ကို ဆုံးရှုံး ချန်ထားခဲ့ရပြီး လာရာလမ်းဆီသို့ မနားမနေ၊ မစားမသောက် ခရီး ကြမ်းနှင်လာခဲ့ရာ ပဲခူးရိုးမထဲ ပြန် ရောက်တော့မည်ဖြစ်သည်။

''အဓိကက လူတွေပါ။ ဆင်တွေ၊ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားတဲ့ နေရာ၊ တောတောင်တွေကို မဖျက် ဆီးကြဖို့ပါပဲ။ ဖျက်ဆီးရင်တော့ အနာဂတ်မှာ လူနဲ့ တောရိုင်း တိရစ္ဆာန်တွေကြား အန္တရာယ်ဖြစ် နေမှာပဲ။ တောတွေပြုန်းတီးသွားရင် ရာသီဥတုဖောက်ပြန်မယ်။ ရာသီ ဥတုဖောက်ပြန်မယ်ဆိုတာက သစ် တောတွေ ခုတ်လိုက်တဲ့အတွက် မိုးရွာရင် တောင်ပေါ်ကရေ တွေကိုမထိန်းနိုင်တော့ဘူး။ သဲနုန်း တွေလည်းကျတယ်။ မြေပြိုမယ်။ တောင်ပြိုမယ်။ သဘာဝပတ်ဝန်းကျင် ကို အများကြီး ပျက်စီးစေတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့က ပြည်သူတွေမှာ အဓိကတာဝန်ကျပါတယ်။ အခုက သိနေကြပြီး ထိန်းသိမ်းဖို့ မလုပ်ကြ တာပါ'' ဟု ဦးစောထူးသာဘုန်းက ပြောသည်။

အဆိုပါဆင်အုပ်ကို သြဂုတ် ၂၉ ရက်ညနေ ၆ နာရီက မြို့သစ်မြို့နယ် ပုလင်းပြားကြီး ကျေးရွာအနီး လေသာတောင်အောက်ခြေရှိ လျှို မြောင်အတွင်းမှ ကွန်ဂျီဆင် ငါးကောင်ဖြင့် မူလဒေသပဲခူးရိုးမ စတုံကြိုးဝိုင်းအတွင်းသို့ ဦးတည်၍ ထိန်းကျောင်းမောင်းနှင်ခဲ့သည်။

''အခုအချိန်အထိတော့ လမ်း ကြောင်းသွေဖည်သွားတာ မရှိသေး ဘူး။ သြဂုတ် ၂၉ ရက်ညက ပုလင်း ပြားကြီးကျေးရွာအနီးရှိ လျှိုထဲက နေပြီး မောင်းလာတာ ဒီနေ့မနက်မှာ မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ် နယ်စပ်ရှိ အိုင်မဲအုပ်စုနဲ့ ကွင်းကြီး အုပ်စုကြားက လျှိုထဲမှာရှိနေတယ်။နတ်မောက်နယ်ထဲ ပြန်ဝင်တာ မဟုတ်ပါဘူး။ မြေပုံအရ လမ်း ကြောင်းက အခုလိုကွေ့နေတဲ့သဘော ပါ။ အခု လေသာတောင်အရှေ့ဘက် ကြောအတိုင်း သွားနေတာဆိုတော့ သူတို့ကျက်စားတယ်လို့ထင်ထားတဲ့ ပဲခူးရိုးမ စတုံကြိုးဝိုင်းအတွင်းက စံပယ်တောင်ကို ရောက်မယ်လို့ ထင်ပါတယ်။ ဆင်အုပ်က နေ့ခင်းဆို လျှိုထဲမှာနားနေတာ။ ညဘက်မှပဲ သူတို့ ဆက်လျှောက်မယ်ထင်တယ်။ သူတို့နေတဲ့ဆီကို ရောက်မယ့်အချိန်ကိုတော့မှန်းလို့မရသေးပါဘူး။ ညကို မနားဘဲ လေသာတောင် အရှေ့ ဘက်ခြမ်း လမ်းကြောင်းအတိုင်း လျှောက်မယ်ဆိုရင်တော့ မနက်ကို ရောက်မယ်ထင်ပါတယ်။ ဒီဘက်မှာ က ဒေသခံတွေလိုက်ကြည့်တာတွေတော့မရှိဘူး။ ရွာတွေနဲ့ကလည်း ဝေး တယ်လေ။ အနီးစပ်ဆုံးရှိတဲ့ ရွာတွေ ကိုလည်း ဆင်အုပ်လာရင် အပြင် ထွက်မကြည့်ဖို့၊ နောက်က မလိုက်ဖို့ကို အသိပေးထားပါတယ်။ အခုချိန်အထိ ဘာအန္တရာယ်မှ မရှိပါဘူး'' ဟု မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။

သတင်း ဇူလိုင်မိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment