ထိုင်းဗုံးခွဲမှု သံသယရှိသူကို ဖမ်းဆီးရမိ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဟိန္ဒူနတ်ကွန်းအနီး ဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် နတ်ဘုရားရုပ်တုမျက်နှာတော် ပျက်စီးသွားတဲ့မြင်ကွင်း။ (သြဂုတ် ၂၀၊ ၂၀၁၅) 
 သြဂုတ်လ ၁၇ ရက်နေ့က လူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသူယရှိသူကို ဖမ်းဆီးလိုက်နိုင်ပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီသူကို ဘန်ကောက်မြို့ဆင်ခြေဖုံးမှာ ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရက ပြောပြီး သူငှားနေထိုင်တဲ့အခန်းမှာ ဗုံးလုပ်တဲ့ ပစ္စည်းကိရိယာအချို့ကို ရဲတွေက ရှာဖွေတွေ့ခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့သူဟာ အသက် ၂၈ နှစ်အရွယ် တူရကီနိုင်ငံသား Adem Karadag ဖြစ်တယ်လို့ ရဲတွေက ပြောကြောင်း ဘန်ကောက်အခြေစိုက် ဗွီအိုအေသတင်းထောက် Steve Herman က ပြောပါတယ်။ ဘန်ကောက်မြို့လယ်က လူစည်ကားရာ ဧရာဝဏ် နတ်ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်လို့ ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ သေဆုံးဒဏ်ရာရသူတွေထဲမှာ ကမ္ဘာလှည့်ခရီးသွား တချို့လည်းပါဝင်ပြီး တော်တော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

အစောပိုင်းတုန်းကတော့ ထိုင်းရဲတပ်ဖွဲ့ဟာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အဓိကသံသယရှိသူ တဦးရဲ့ပုံကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အသက်ငယ်ငယ် မျက်နှာသွယ်သွယ် မုတ်ဆိတ်နဲ့ မျက်မှန်အဝိုင်းတပ်ထားသူ အမျိုးသားရဲ့ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ CCTV လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ပုံမှာတော့ နတ်ဘုရားကျောင်းဝင်းထဲက ခုံရှည်အောက်မှာ ကျောပိုးအိတ်ကို ထိုးထည့်ပြီး ထွက်ခွါသွားသူတယောက်ပုံကို တွေ့ရပြီး သူထွက်သွားပြီး မကြာခင်မှာ ဗုံးပေါက်ကွဲခဲ့တာပါ။

တာဝန်ရှိသူတွေကတော့ ဒီဗုံးခွဲတိုက်ခိုက်မှုကို တယောက်တည်းလုပ်တာ မဟုတ်ဘူးလို့ ပြောပေမယ့် ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိမယ်လို့တော့မထင်ကြောင်း ပြောပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment