အနည်းဆုံးအခကြေးငွေ တစ်နာရီ ၄၅ဝ နှင့် တစ်ရက် ၈ နာရီလျှင် ကျပ် ၃၆ဝဝ သတ်မှတ်


 ရန်ကုန်၊ သြဂုတ် ၂၈

 အနည်းဆုံးအခကြေးငွေအား တစ်နာရီ ၄၅ဝ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် ကျပ် ၃၆ဝဝ ဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက သြဂုတ်လ ၂၈ ရက်တွင် သတ်မှတ်လိုက်သည်။

ယင်းအနည်းဆုံးအခကြေးငွေကို မြန်မာနိုင်ငံရှိ အလုပ်သမားများအ တွက် နေရာဒေသနှင့် လုပ်ငန်းအမျိုး အစားမခွဲခြားဘဲ ၂ဝ၁၅ ခုနှစ်၊ စက် တင်ဘာလ ၁ ရက်မှစတင်၍ တစ်နိုင် ငံလုံးတစ်ပြေးညီ သတ်မှတ်ထား ကြောင်း၊ ယင်းနှုန်းထားသတ်မှတ် ချက်မှာ အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များနှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ နှင့် သက်ဆိုင်မှုမရှိကြောင်း အနည်း ဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင် ရာ အမျိုးသာကော်မတီ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

အနည်းဆုံးအခကြးငွေ သတ် မှတ်သည့်အပေါ်တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇာနည် သွေးက ''အခုလို ၃၆ဝဝ သတ်မှတ် လိုက်တာကို သဘောတူပါတယ်။ သို့ သော်ကျွန်တော်တို့တောင်းဆိုတာ ၃၆ဝဝ တင်မကဘူး၊ သွားလာမှုစရိတ်၊ နေဖို့နေရာ၊ လုပ်ငန်းခွင်အလိုက် ကျွမ်း ကျင်မှု၊ သင်ကြားမူပိုင်းတွေ ဒါတွေ လည်းပါတယ်။ ဒီနေ့တက်လာတဲ့ ကုန်ဈေးနှုန်းအခြေအနေကိုကြည့်ရမယ်။ အခုလိုအရင်ဆုံး အသိအမှတ်ပြုပြီး နှုန်းထားတစ်ခုကို သတ်မှတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါသည် ပထမအဆင့်အောင်မြင်တာ ဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

အနည်းဆုံးအခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ သည် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီ ဥက္ကဋ္ဌများအပါအဝင် အစည်းအဝေး ထပ်မံကျင်းပ၍ အတည်ပြုအနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေးကို ညှိနှိုင်းဆွေးနွေးပြီး သဘောတူ အ တည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 နိုင်
The Street View
https://www.facebook.com/pages/The-Street-View
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment