၁၃ နှစ်ကြာပိတ်ထားသည့် ထိုင်း-မြန်မာ BP 3 ဂိတ် တပတ်တခါ ပြန်ဖွင့်


ဓါတ်ပုံ- ဩဂတ်စ်လ ၂၇ ရက် ကြာသပတေးနေ့မနက်ပိုင်း လတ်တိုင်နယ်စပ်ဂိတ်မြင်ကွင်း (Photo: Aouy Lee )
 သြဂတ်စ်လ ၂၇ ရက် ၂၀၁၅

 ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် - လတ်တိုင်ရွာ (BP3) ဝိန်းဟဲန်မြို့နယ် ချင်းမိုင်ခရိုင် နှစ်နိုင်ငံ နယ်စပ် လူဝင်ထွက်ဂိတ်အား ကြာသပတေးနေ့တိုင်း (ကတ်နတ်) ဈေးနေ့
သတ်မှတ်ကာ ဖွင့်လှစ်ဈေးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သြဂတ်စ်လ ၂၇ ရက် ကြသပတေးနေ့ ယနေ့မနက်ပိုင်းက သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် လတ်တိုင်ရွာ တို့ အကြား BP3 နယ်စပ်ဂိတ် အား နှစ်နိုင်ငံချစ်ကြည်ရေးအတွက်၊ နှစ်နိုင်ငံဆက်ဆပ်နေဒေသခံများ အတွက် တပတ်တရက်ဈေး ဖွင့်လှစ်ပေးခဲ့သည်ဟု လတ်တိုင်ရွာ သားများကပြောသည်။

လက်ရှိအနေအထားက နှစ်နိုင်ငံတခါးပေါက် တပတ်တခါဖွင့်လှစ် သည်ဆိုေ သ်ာလည်း လွန်ခဲ့သည့် ၁၃ နှစ်က ဖွင့်လှစ်သွားလာသည့် ဂိတ်မဟုတ် ဘဲ မြန်စစ် တပ် တပ်စခန်း နှင့် ထိုင်း စစ်တပ် တပ်စခန်းအတွင်း ဖြတ်ကာ အခ မဲ့ သွားလာခွင့်ပြုခြင်းသာဖြစ်ကြောင်း၊ ထိုင်းဘက်မှ သျှမ်းပြည် ဘက်သို့
ဝင်ထွက်သွားလာသူမရှိသလောက်ရှိနေသေးကြောင်း ဒေသခံများကပြောသည်။

“မနက် ၈ နာရီကစပြီးသွားလာခွင့်ပြုတယ်။ ဈေးသည်ေ တွ တော်တော် များပါတယ်။ ထိုင်း ဘက်က လူက ပိုများတယ်။ ဈေးသည်ရော လည်ပတ် တဲ့လူရော။ ဘဏ် အဖွဲ့ကလည်းရှိတယ်။ ကျန်း မာရေးအဖွဲ့ဆိုရင် လည်း ငှက်ဖျားရောဂါအတွက်ဆေးစစ်ပေးဖို့လာကြတယ်။ ထိုင်းဘက်က ပေါ့။ ဟိုး
ဘက်ကတော့ မိုင်းတော့မိုင်းထားကလာတယ်။ အသားငါးတွေ၊ ခြံထွက် သီးနှံတွေ၊ လာရောင်းတယ်။ ညနေ ၄ နာရီ အထိဖွင့်မယ်လို့ ပြောပါတယ်။” - ဟု လတ်တိုင်ရွာသူ ပါ့နန်းယိင်းကပြောသည်။

ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ပိန်းလုံရွာမှ ၄ ကီလိုမီတာအကွာ နယ်စပ်နှင့် ကပ်လျက် (ထိုင်းဘက်ခြမ်းမှ) လတ်တိုင်ရွာ ၀ပ်ဖဝိန်းအင်း ဘုန်းကြီးကျောင်းအထက်ဘက်ရှိ နှစ်နိုင်ငံ တပ်စခန်း နှစ်ခုကြား လူဝင်ထွက်ပေါက်အား ယာယီ နယ်စပ် တံခါးပေါက်ဖွင့်လှစ်ကာ ဘုန်ကြီးကျောင်း ဝန်း အတွင်း ဈေးလုပ်ရောင်းချနေကြခြင်းဖြစ်သည်။

“ ရဲတွေ စစ်တပ်တွေလည်း ပြည့်နေတယ်။ လူကြီးလာဖွင့်မယ်ဆိုလို့လေ။ ဒီနေ့ တရားဝင်ဂိတ်ဖွင့် မယ်လို့ သတင်းတွေ ကြားရလို့တဲ့ ဟိုးဘက်ခြမ်းက ကုန်သည်တွေ ကားကြီးတွေနဲ့လာစောင့်တယ်။ နောက်တော့ လူဝင်ပေါက်ဘဲ ဖွင့်တော့ အသီးသီးပြန် သွားကြတယ်။ ဒေသတွင်းလူထုတော့ ၀မ်းသာ တာပေါ့။” - ဟု လတ်တိုင်ရွာမှ အကြီးအကဲ ဦးလုံးပညာ ကပြောပါသည်။

ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးကိုယ်တိုင် အဆိုပါ လတ်တိုင် နယ်စပ်ဂိတ်အား စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရားဝင် လူဝင်ထွက်ခွင့်ပေးမည်ဟု ဝိန်းဟိုင်မြို့နယ်ရုံးသို့ ခွင့်ပြုမိန့်ပေးပို့ ထားသည်ဟု ရုံးဝန်ထမ်းတဦး က ပြောသည်။

ထို့ကြောင့်ထိုင်းအာဏာပိုင်များဘက်မှ အဆိုပါ လတ်တိုင်ရွာ နယ်စပ်ဂိတ်ကို ကြာတပတေးနေ့တိုင်း ကတ်နတ် ဈေးနေ့သတ် မှတ်မည်ဟု ဆွေးနွေးနေကြေ ကြာင်း ဦးလုံးပညာက - “ဒါကတော့ ထိုင်းအာ ဏာပိုင်ဘက်ကဖြစ်ချင်တဲ့ ဆန္ဒ ပေါ့နော် ။ ဖွင့်စေချင်နေတာ။ မြန်မာ အာဏာ ပိုင်တွေ ဘက်က တော့
အထက်ကခွင့်ပြုချက်မပေးသေးဘူးလို့ဘဲပြောနေပါတယ်။ ဒါကြောင့် ကား အဝင်အထွက်ဂိတ်ကြီး တော့ မဖွင့် သေးပါဘူး။ ခုလောလောဆယ် ဂိတ် အသေးဘဲဖွင့်နေတာ ဖြစ်ပါတယ်။” - ပြောသည်။

ပန်ကမ့်ကော်နယ်စပ်ဂိတ်သည် ၂၀၀၁-၂၀၀၂ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့အကြား လချီတိုက်ပွဲကြောင့် ယနေ့တိုင်ပိတ်ထားရာမှ တပတ်တခါ ဈေးခင်း တည် ကာ

ဒေသခံများသွားလာခွင့်ပြုလာခြင်းဖြစ်သည်။ ထိုင်း - မြန်မာ နယ်စပ် BP 1 (နောင်အုတ် - ပုံပါကျင်) ၊ BP3 (လက်တိုင် - ပန်ကမ့်ကော်) နယ်ခြား ဂိတ် များအား တရားဝင် နယ်ခြားဂိတ်အဖြစ် ဖွင့်လှစ်ရန် နိုင်ငံပြင်ဆင်ေ နကြောင်း၊ အဆိုပါလမ်းများ ဖွင့်လှစ်မည်ဆိုပါက တောင်ကြီးမြို့သို့ နေ့ချင်းပေါက်
သွားလာနိုင်မည်ဟုသိရသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment