ရွေးကောက်ပွဲဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူများစာရင်း NLD ထုတ်ပြန်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်။ Photo: RFA
 NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးနဲ့ အောင်နိုင်ရေး ကာလတွေအတွင်း ပြောရေးဆိုခွင့် ရှိသူတွေစာရင်းကို ဒီနေ့ နေ့စွဲနဲ့ထုတ်ပြန် လိုက်ပါတယ်။

နိုင်ငံရေးမူဝါဒတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ကဏ္ဍအလိုက်ခွဲပြီး အခုလို ပါတီရဲ့ ဗဟိုထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကိုပဲ ပြောဆိုခွင့်ပေးလိုက်တာဟာ ပါတီတွင်း လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်တာမဟုတ်ပဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လုပ်ငန်းတာတွေ ခွဲဝေလိုက်တာသာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

"အဓိက ကျနော်တို့ ရွေးကောက်ပွဲကာလမှာ အလုပ်တွေသိပ်များလာတဲ့အခါမှာ တစ်နေရာတည်းမှာစုနေမယ် နေရာနည်းနည်းမှာစုနေမယ်ဆိုရင် မလုပ်နိုင်မှာစိုးလို့ အားလုံးကိုခွဲဝေနေတာပေါ့၊ အလုပ်ပိုလုပ်နိုင်အောင် ပိုပြောနိုင်အောင်လို့လုပ်တဲ့ကိစ္စပါ၊ အပြောအဆိုနည်းသွားအောင် ကြိုးစားတဲ့သဘော ကန့်သတ်ချင်တယ်ဆိုတာ လုံးဝမရှိပါဘူး"

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးနဲ့ အောင်နိုင်ရေးကာလတွေအတွင်း ပါတီရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းနဲ့ နိုင်ငံရေးမူဝါဒသဘောထားတွေကို နာယက ဦးတင်ဦးနဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ကသာ ပြောရေးဆိုခွင့်ရှိတယ်လို့လည်း NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းပိုင်းတွေနဲ့ ပတ်သက်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းသာ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ စည်းရုံးရေး ခရီးစဉ်တွေအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ကိုယ်စားလှယ်လောင်းကိစ္စတွေမှာ ပြောရေဆိုခွင့်ရှိသူအဖြစ် ဦးဝင်းမြင့်နဲ့ ရွေးကောက်ပွဲ သတင်းဖြန့်ချိရေးတွေနဲ့ ပတ်သက်လို့တော့ ဒီလှိုင်းစာစောင် အမှုဆောင်အရာရှိချုပ် ဦးသိန်းဦးတို့ကို တာဝန်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment