လစာငွေများတွင် စက္ကူဖြတ်စများ ရောနှောပါဝင်ခဲ့မှုကို CID မှ စစ်ဆေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်ပညာရေးဝန်ထမ်းများအတွက် ဖေဖော်ဝါရီလက ထုတ်ယူခဲ့သော လစာငွေများတွင် စက္ကူဖြတ်စများ ရောနှောပါဝင်ခဲ့မှုကို ယခု ၆ လ အကြာတွင် ကျောင်းဆရာတစ်ဦးအား ယမန်ယူ၍ စစ်ဆေးနေပြီဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့ CID မှ သိရှိရသည်။
ပုသိမ်၊ သြဂုတ် ၂၈

ပြစ်မှုကျူးလွန်သူဟု ယူဆရသူ မအူပင်မြို့နယ်၊ ကုန်းတန်းကြီးကျေး ရွာ၊ မူလတန်းပြကျောင်းဆရာ ဦးဌေး ဝင်းအား ယမန်ယူ၍ စစ်ဆေးနေပြီး သုံးစွဲခဲ့သော သက်သေခံငွေကြေးများ ကို ဆောက်လုပ်ရေးပစ္စည်းဆိုင်၊ ရွှေ ဆိုင်နှင့် အကြွေးပေးဆပ်ထားသူများ ထံမှ ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက် လံသိမ်းဆည်းနေကြောင်း သိရှိရသည်။
''အခုအချိန်မှာတော့ ဥပဒေနဲ့ အညီ ယမန်ယူစစ်ဆေးနေဆဲပဲရှိပါ သေးတယ်။ ပေါ်ပေါက်လာတဲ့အပေါ် မှာမှ ဥပဒေအကြံတောင်းတင်ရပါ ဦးမယ်၊ ဒါတောင်မှ တရားခံမဖြစ် သေးပါဘူး၊ မသင်္ကာသူပဲရှိပါသေး တယ်၊ ဥပဒေအကြံပြုချက်နဲ့ဆက်လုပ် ပြီး တရားသူကြီးကသာ ဆုံးဖြတ်နိုင် ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အမှား အယွင်းမရှိအောင် စေ့စေ့စပ်စပ် ဆောင်ရွက်နေပါတယ်''ဟု ဧရာဝတီ တိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့တာဝန် ရှိသူတစ်ဦးပြောသည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဦးဌေးဝင်းနှင့်ပတ်သက်သည့် အပေါင် ဆိုင်လက်မှတ်များ သက်ဆိုင်ရာ စာ ရွက်စာတမ်းများ ဦးဌေးဝင်းထံမှ ငွေ ၉ သိန်းတို့ကို မအူပင်မြို့နယ် ပညာ ရေးဝန်ထမ်းများ၏ လစာထုတ်ခေါင်း ဆောင်မြို့နယ်ပညာရေးမှူး ဦးမြင့်စိုး နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက် လံသိမ်းဆည်းနေကြောင်း ဦးဌေးဝင်း သည် ဧရာဝတီတိုင်းဒေသကြီးမှ ဂျ ပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပညာ ရေးလေ့လာရေးအဖွဲ့တွင် ရွေးချယ်စေ လွှတ်ခံရသူများတွင် ပါဝင်သူဖြစ် ကြောင်း မအူပင်မြို့မှ ဦးထွန်းနိုင်မှ ပြောသည်။
''၂၇ ရက်မနက်ပိုင်းက သမီး တော်ရွှေဆိုင်မှာ ဝင်စစ်နေတာတွေ့ တယ်၊ သက်သေခံသိမ်းတာတို့၊ ဘာ တို့လုပ်တယ်၊ ညနေပိုင်းမှာ ပညာ ရေးမှူးဦးမြင့်စိုးပိုင်တဲ့ မိုးမိတ်လက် ဖက်ရည်ဆိုင်မှာ ကိုဌေးဝင်းက ငွေ အပြောင်းအလဲလုပ်ပုံကို ရဲတပ်ဖွဲ့ဝင် တွေရှေ့မှာ လုပ်ပြရတယ်၊ အခုတော့ သူ့ကို ရန်ကုန်(CID)ကို ခေါ်သွား တယ်လို့ သိရတယ်''ဟု မအူပင်မြို့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ ကိုထိုက် ထိုက်ကပြောသည်။

မအူပင်မြို့နယ်ပညာရေးဝန် ထမ်း များအတွက် လစာငွေကျပ် သိန်း ၁၉၁၈ ၁၉၁၈ သိန်းတွင် သိန်း ၅ဝ ကျပ်တန်ဖိုးရှိသည့် ငွေထုတ်၌ ငွေ စက္ကူထုပ်ပုံစံ လှီးဖြတ်ထုတ်ပိုးထား သည့် A4 အမျိုးအစားစက္ကူထုတ်များ ရောနှောပါဝင်ခြင်းနှင့် ပတ်သက်၍ မအူပင်မြို့နယ် အခြေခံပညာဦးစီးဌာ န၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦး မြင့်စိုးက ဖေဖော်ဝါရီလ ၂၇ ရက်၊ ည ၇း၃ဝ အချိန်တွင် မအူပင်မြို့၊ မြို့မရဲစခန်းသို့ သိန်း ၅ဝ မှားယွင်း မှုအား စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားလာသဖြင့် ၄င်းရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၄ဝ/၂ဝ၁၅ ပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ သော အမှုဖြစ်ကြောင်းသိရှိရသည်။

မြင့်မိုဃ်း
The Street View
https://www.facebook.com/pages/The-Street-View
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment