ကန့်ဘလူ အန်အယ်လ်ဒီ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

12004922_779469832198152_8369360986789671227_n
ဖျက်ဆီးခံခဲ့ရသည့် အန်အယ်လ်ဒီ ဆိုင်းဘုတ် (Hlaingmyint Han)


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အန်အယ်လ်ဒီပါတီ မဲဆန္ဒရှင် ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရတဲ့အတွက် ဥပဒေနဲ့အညီ တုံ့ပြန်သွားမယ်လို့ ကန့်ဘလူ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဒေါက်တာလှိုင်မြင့်ဟန်က ပြောပါတယ်။


စက်တင်ဘာ ၂၂ ရက် ညပိုင်းက ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအနီးရှိ မဲဆွယ်ဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံရတာလို့ သူက ပြောပါတယ်။
“ဒီမနက် ၆ နာရီခွဲလောက်မှာ ကန့်ဘလူမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ ထန်းကုန်းကျေးရွာမှာ ဥက္ကဋ္ဌပုံရယ် ကျနော်တို့ ကိုယ်စားလှယ်လောင်း ၃ ယောက်ပုံနဲ့ ၉ ပေ၊ ၅ ပေ ဆိုင်းဘုတ်ကို အခိုင်အမာထောင်ထားတာ ဆုတ်ဆွဲပစ်တယ်။ တခြမ်းက အပေါ်မှာ ကျန်ပြီးတော့ တခြမ်းက အောက်ကို ပြုတ်ကျနေတယ်။ မနေ့ညက မိုးလည်း မရွာ လေလည်းမတိုက်ဘူး၊ လူတွေ ဖျက်ဆီးတာ။”
မဖျက်ဆီးခံရမီက ဆိုင်းဘုတ် (ဓာတ်ပုံ -Hlaingmyint Han)
မဖျက်ဆီးခံရမီက ဆိုင်းဘုတ် (ဓာတ်ပုံ -Hlaingmyint Han)
မြို့နယ်ဥပဒေရေးရာအဖွဲ့နဲ့ တိုင်ပင်ပြီး သက်ဆိုင်ရာရဲစခန်းမှာ အမြန်ဆုံးအမှုဖွင့်သွားဖို့ လုပ်ဆောင်နေတယ်၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာလည်း အလားတူ ဖျက်ဆီးခံရတယ်လို့လည်း ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အာဏာရပြည်ခိုင်ဖြိုး၊ အန်အယ်လ်ဒီကိုယ်စားလှယ်နဲ့အတူ ပါတီ ၅ ခုက ကိုယ်စားလှယ်လောင်း ၅ ယောက် ၀င်ပြိုင်ကြဖို့ ရှိပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၉၀ ကျော်မှာ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment