(၄၅)နှစ်အတွင်း အလစ်သုတ်ပြီး ပေါင် (၂)သန်း ရှာဖွေနိုင်ခဲ့သော အမျိုးသမီး

 
အသက် (၅၄) နှစ်အရွယ်ရှိ ကင်မ်ဖာရီသည် အသက်ကိုးနှစ် အရွယ်ကတည်းက လန်ဒန်မြို့တွင် အလစ်သုတ်သမား အဖြစ် ဆောင်ရွက်ခဲ့သည်။ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ဘ၀တစ်လျှောက်လုံး ယင်းအလုပ်ကိုသာ လုပ်ကိုင်ခဲ့သောကြောင့် ပြီးခဲ့သည့် (၄၅) နှစ်တာ အတွင်းရရှိခဲ့သည့် ငွေကြေးသည် ပေါင်နှစ်သန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ကလေးမိခင် ဖြစ်သော ကင်မ်ဖာရီသည်  အလစ်သုတ်ခြင်းမှလွဲပြီး အခြားအလုပ်ကို လုပ်ကိုင်လိုစိတ် မရှိသောကြောင့် ထောင်မကြာခဏ ကျခံခဲ့ရသည်။ အလစ်သုတ်မူပေါင်း (၃၀)ကျော်ကိုသာ စွဲချက်တင်နိုင် ခဲ့သောကြောင့် ထောင်ငါးကြိမ် ကျခံခဲ့ရသည်။ သို့သော် နောင်တရခြင်း မရှိဘဲ ယင်းအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်ခဲ့သည်။ ကင်မ်ဖာရီ၏အကြောင်းကို ရုပ်သံချန်နယ်တစ်ခုတွင် မှတ်တမ်း ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမည် ဖြစ်သည်။
       ကင်မ်ဖာရီက သူ၏အသုံးစရိတ်သည် အလွန်ကြီးသောကြောင့် တစ်နှစ်ကို ပေါင် (၃၆၀၀၀) ထက် လျော့နည်းသည့် အလုပ်ကို လုပ်ကိုင်ဖို့ ခဲယဉ်းကြောင်း ပြောကြားခဲ့သည်။ ကင်မ်ဖာရီသည် အ၀တ်အစားများ ၀ယ်ယူခြင်း၊ အလှပြင်ခြင်း စသည်များကို ပြုလုပ်ခြင်းကြောင့် ငွေကြေးအကုန်အကျ များခဲ့သည်။ ကင်မ်ဖာရီသည် အလုပ်လုပ်ရန် ကြိုးစားခဲ့သော်လည်း  တတ်ကျွမ်းသည့် ပညာမရှိသောကြောင့် အခက်တွေ့ခဲ့ရသည်။ ရသည့်အလုပ်ကလည်း ၀င်ငွေနည်းလွန်း သောကြောင့် အလစ်သုတ်သမား အဖြစ်သာ အချိန်ကုန်ခဲ့ကြောင်း ကင်မ်ဖာရီက ပြောကြားခဲ့သည်။ ကင်မ်ဖာရီသည် တစ်နှစ်ကို ပေါင် (၅၀၀၀၀) နီးပါး အလစ်သုတ်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် နှစ်ပေါင်း (၄၅) နှစ်တာကာလအတွင်း ရရှိသည့်ငွေကြေးက ပေါင် နှစ်သန်းရှိခဲ့ခြင်း ဖြစ်သည်။ ကင်မ်ဖာရီသည် ဆိုင်များတွင် ပစ္စည်းများကို အလစ်သုတ်ပြီး တစ်ဝက်ဈေးဖြင့် ရောင်းချခဲ့သည်။ သို့သော် ကင်မ်ဖာရီက သူ၏လုပ်ရပ်များသည် မှားယွင်းကြောင်း သိခဲ့ပြီးနောက် ယင်းအလုပ်ကို ဆက်မလုပ်တော့ကြောင်း၊ မိမိကြောင့် အခြားသူများကို မနာကျင်စေလိုကြောင်း ပြောကြားခဲ့သည်။ ကင်မ်ဖာရီ၏ သမီးဖြစ်သူ အသက်(၁၄) နှစ်အရွယ် ပဲရစ်ကလည်း မိမိ၏ မိခင်ဖြစ်သူကို လူကောင်းအဖြစ်သာ မြင်လိုကြောင်း၊ မိမိတို့မှာ မည်သည့်အဖိုးတန် ပစ္စည်းမျှ မလိုကြောင်း ပြောကြားခဲ့သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment