ကင်ဆာရန်ပုံငွေအတွက် ၀တ်လစ်စလစ်ဖြင့် ရိုလာကော်စတာစီး


အင်္ဂလန်နိုင်ငံတွင် ကင်ဆာရန်ပုံငွေကို ထူးထူးခြားခြား အစီအစဉ်ဖြင့် ရှာဖွေခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းမှာ ၀တ်လစ်စလစ်ဖြင့် ရိုလာကော်စတာ စီးခဲ့ခြင်း ဖြစ်သည်။ ဥရောပတွင် ယခုအချိန်သည် အအေးဓာတ် စတင်ခံစားနေရပြီ ဖြစ်သည်။
      သို့သော် အင်္ဂလန်ရှိ လူပေါင်း ( ၅၇) ဦးသည် တစ်ကိုယ်လုံး ချွတ်ပြီး ရိုလာကော်စတာကို စီးနင်းခဲ့ကြသည်။ သူတို့သည် ပေါင် (၁၀၀၀၀) ရန်ပုံငွေ ရရှိရန်အတွက် ၀တ်လစ်စလစ်ဖြင့် ရိုလာကော်စတာ စီးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်းကြောင့် ရရှိလာမည့် ရန်ပုံငွေများကို ကင်ဆာ ဖောင်ဒေးရှင်းတစ်ခုကို လှူဒါန်းသွားမည် ဖြစ်သည်။ ၂၀၁၀ အင်္ဂလန်တွင် လူပေါင်း(၁၀၂) ဦးသည် ၀တ်လစ်စလစ်ဖြင့် ရိုလာကော်စတာစီးပြီး ဂင်းနစ်စံချိန်တင်ခဲ့သည်။  နောက်ငါးနှစ်အကြာတွင် ယင်းသို့ပြုလုပ်ပြီး ရန်ပုံငွေ ရှာခဲ့ခြင်း ဖြစ်သည်။
      အင်္ဂလန်တွင်သာမက ဗြိတိန်တစ်ဝန်းတွင်ပါ ယင်းကဲ့သို့ ပြုလုပ်သွားရန် စီစဉ်ထားသည်။ အီဒင်ဘတ်၊ နယူးကာဆယ်၊ ဆွီဒန်တောင်း စသည့်ဒေသများလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ပြုလုပ်သည့် တာဝန်ရှိသူ အင်ဒရူးရန်တန်က  မိမိတို့အတွက် အမှတ်တရ နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း၊ ပါဝင်ဆင်နွှဲသူများ အားလုံး ပျော်ရွှင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ရရှိလာမည့် ရန်ပုံငွေများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကင်ဆာနှင့် ပတ်သက်ပြီး သတင်းမျိုးစုံကို သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက်သော် လည်းကောင်း ကြားသိနေရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကင်ဆာရောဂါ ခံစားနေရ သူများကို ကူညီရန် ယခုအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အ၀တ်အစားမဲ့ဖြင့် ရိုလာကော်စတာ စီးခဲ့ခြင်းကြောင့် ကိုယ်ပြောလိုသည့် အကြောင်းအရာကို ချက်ချင်းသိရှိအောင် ပြုလုပ်နိုင်ကြောင်း ဆိုထားသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment