ဘဟားမတ်ကျွန်းပေါ်မှာ အားလပ်ရပ် အနားယူဖို့ ရောက်ရှိနေတဲ့ အကသမား ထရေဇာစီရဲ့ ဖုန်း ပင်လယ်ထဲကို ကျသွားပါတယ်။
စက်တင်ဘာ ၁၈ ရက်က အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရိုက်ကူးရေးလုပ်ဆောင်နေစဉ် ဖုန်းကို ကိုင်ထားပေးဖို့ တစုံတဦးကို လှမ်းပေးလိုက်ရာမှာ မတော်တဆ ကျသွားတာဖြစ်ပြီး သူအနေနဲ့ ဖုန်းကို ဘယ်တော့မှ ပြန်မရတော့ဘူးလို့ မျှော်လင့်ထားကြောင်း ထရေဇာစီက ပြောပါတယ်။
ဒါပေမယ့် လင်းပိုင်က ရေမျက်နှာပြင်ပေါ်ကို ပေါ်လာပြီး ထရေဇာရဲ့ ဖုန်းကို ဆယ်ပေးလိုက်ပါတယ်။
ဒီဖြစ်ရပ်ကို ရိုက်ယူထားတဲ့ ရုပ်သံဖိုင်ကို ထရေဇာက သူရဲ့ လူမှုရေးကွန်ရက်မှာ တင်ခဲ့ပြီး အွန်လိုင်းမှာ ပျံ့နှံ့သွားပါတယ်။
ဖုန်းကဆားငန်ရေကြောင့် ပျက်စီးသွားပေမယ့် ဘဟားမတ်ကျွန်းပေါ်မှာ ရှိနေစဉ် လင်းပိုင်တွေနဲ့ ရေကူးဖို့ အတွက် အခွင့်အရေး ရရှိခဲ့တယ်လို့ သူက ရေးပါတယ်။
DVB Burmese
0 comments:
Post a Comment