စိတ်ကြိုက် ဖြစ်ပြီး ရှုံးခံနိုင်ရင် ပြန်ရိုက်ကူးမယ် ဆိုတဲ့ န၀ရတ်



ဗီဒီယိုဈေးကွက် မကောင်းသောကြောင့် အနုပညာ အလုပ်တွေ နားပြီး စီးပွားရေးတွေ လုပ်နေတဲ့ န၀ရတ်က သူမအား အနုပညာပေါ် ချစ်ပြီး အရှုံးခံ ရိုက်ကူးနိုင်မယ် ဆိုရင် ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးဖို့ စိတ်ကူးရှိတယ်လို့ ပြောသွား ခဲ့ပါတယ်။ “န၀ရတ်က နှစ်နှစ်လောက်ကို ရိုက်ကူးရေးတွေ နားထားပြီး စီးပွားရေးကိုပဲ လုပ်ပါတယ်။ န၀ရတ်က Beauty Sloon uae Spa ကိုထပ်ပြီးတော့ တိုးချဲ့လိုက်တယ်။  Spaက သိပ်မအောင်မြင်သေးတော့  အဲဒီ စီးပွားရေးကို န၀ရတ် ဦးတည်ပြီး လုပ်နေပါတယ်။ အဲဒါကြောင့်လည်း ဒီအနုပညာ အလုပ်တွေကို ထပ်ပြီးတော့ မလုပ်နိုင်သေးပါဘူး။ ဆိုင်တွေကလည်း (၁၈) ဆိုင်တောင် ရှိသွားပြီ ဆိုတော့လေ။ မအားတော့ဘူး။ အဲဒါကြောင့် ကိုယ်လည်း အနုပညာဘက်ကို မလာနိုင်တာပါ။ န၀ရတ်က အနုပညာ လုပ်နိုင်ရဲ့ သားနဲ့ မလုပ်တာက ဗီဒီယိုတွေဈေးကွက် ပျက်တယ်။ န၀ရတ်တို့ ငွေလမင်း  ဆိုရင် အခုထက်ထိ အကြွေးတွေ လိုက်တောင်းလို့  မပြီးသေးတော့ စိတ်ကုန်သွားပြီ။ အဲဒါတွေလည်း ပါတယ်။ အမေက ကိုယ်တိုင်လုပ်တာ ဆိုတော့ သူစိတ်ကုန်သွားတော့ န၀ရတ်လည်း အနားရသွားတယ်။ နောက်ထုတ်လုပ်ရေးနဲ့ ရိုက်ဖို့လည်း န၀ရတ် စိတ်ကြိုက် ရိုက်နိုင်မယ့် ထုတ်လုပ်ရေးက ရှားမယ် ထင်ပါတယ်။  ကိုယ်က အရှုံးခံပြီး ရိုက်တာကိုး သူများထက် နှစ်ဆလောက် ပိုရှုံးတယ်။ တကယ့်ကို  အနုပညာပေါ်မှာ  ရှုံးခံနိုင်ရင်  န၀ရတ် ရိုက်မယ်” လို့  ပြောသွား ခဲ့ပါတယ်။ ကိုယ်ပိုင် ထုတ်လုပ်ရေး ဖြစ်သော ငွေလမင်း ရုပ်ရှင်ထုတ်လုပ်ရေး ကနေ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်သော မလေးရှားရောက် မြန်မာ အလုပ်သမားတွေ အကြောင်း ရိုက်ကူးထားသော “မဟာဆန်တဲ့ မာယာ မျက်နှာဖုံး”ဇာတ်ကားမှာ ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ကို နားလည်သွားရင်  ကျေနပ်ပါတယ်လို့  ပြောသွား ပါသေးတယ်။
The Messenger
http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment