ရှင်ကျန်းရှိ ဗုဒ္ဓဘာသာဆိုင်ရာ နံရံဆေးရေးများ မပျက်စီးစေရေး ကြိုးပမ်း




ပိုင်ချန်း
လူလူငြိမ်း
တရုတ်အနောက်ဖျားရှိ ရှင်ကျန်း ဒေသသည် အူရီဂေါ် မွတ်ဆလင် လူနည်းစုဝင်များ ရှိနေသည့် အတွက် လူသိများသလို ဗုဒ္ဓဘာသာဆိုင်ရာ နံရံဆေးရေးများ ရှိနေသည့် ဂူများကြောင့်လည်း နာမည် သတင်း ကျော်ကြားနေသည်။
          ရှင်ကျန်းရှိ ကီဇီးဂူတွင် အစောဆုံး ဗုဒ္ဓဘာသာဆိုင်ရာ နံရံဆေးရေးများ၊ ရုပ်တုများ ရှိနေသည်။ လွန်ခဲ့သော ရာစုနှစ်တွင် တွေ့ရှိခဲ့သော်လည်း ၎င်းဂူသို့ အများပြည်သူများအား ၀င်ရောက်ခွင့် မပြုသေးချေ။
          ဂူတွင်းရှိ အနုပညာ လက်ရာများ ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် တရုတ် ခေါင်းဆောင်များသာ ၀င်ရောက်ခွင့် ရရှိခဲ့သည်။ နိုင်ငံခြားသား ခရီးသွားများသည်လည်း ဂူကျောင်း (၂၃၀) အနက်ရှစ်ခုသို့သာ ၀င်ရောက်ခွင့် ရရှိထားသည်။ သို့သော် ဂူတွင်း ဓာတ်ပုံရိုက်ခွင့် ပိတ်ပင် ထားသည်။
          ဂူအများစုမှာ လူသားများ၏ လုပ်ရပ်ကြောင့် ပျက်စီး ယိုယွင်း နေပြီ ဖြစ်သည်။ ဂူနားတွင် နေထိုင်သော မွတ်ဆလင်များနှင့် တရုတ် ယဉ်ကျေးမှု တော်လှန်ရေး ကာလ အတွင်း ရှိခဲ့သည့် တပ်နီတော်တို့ကြောင့် ဂူများ၏ အတွင်းပိုင်းများ ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် (၂၀) ရာစု အစောပိုင်းတွင် ဂျာမန်ရှေးဟောင်း သုတေသန ပညာရှင်များသည် ဂူအတွင်း ပိုင်းရှိ ဆေးရေးများကို ဖယ်ရှား ခဲ့ကြသည်။
          လွန်ခဲ့သော ဆယ်စုနှစ် အတွင်း ဂူများကို ပြုပြင် ထိန်းသိမ်းရန် ဒေါ်လာ (၃၂) သန်းကျော်ကို သုံးစွဲခဲ့ပြီးဖြစ်သည်။ ရှေးဟောင်း လက်ရာများကို ထိန်းသိမ်း ထားရှိရန် ဓာတုပစ္စည်း များများ စားစား မရှိသောကြောင့် မပျက်အောင်သာ ကာကွယ်ပေး နိုင်ကြောင်း ရှင်ကျန်းရှိကူချာ အကယ်ဒမီ၏ အကြီးအကဲ ရှုယွန်မင်းက ပြောဆိုခဲ့သည်။
          ဂူများရှိ လက်ရာ တချို့သည် နှစ် ပေါင်း (၂၀၀၀) ကျော် သက်တမ်း ရှိနေပြီ ဖြစ်သည်။ အာဏာပိုင်များသည် လက်ရာများအား ထိန်းသိမ်းခြင်းအပြင် ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး အွန်လိုင်းတွင် အနုပညာ ပြတိုက် တစ်ခု ဖွင့်လှစ် ထားရှိ ပေးခဲ့သည်။
          သတင်းအချက် အားလုံးကို စုဆောင်းပြီး မှတ်တမ်းတင်ရန် အဓိက လုပ်ဆောင်နေကြောင်း၊ ၂၀၀၅ ခုနှစ်မှစပြီး အများ ပြည်သူများ အွန်လိုင်းမှ တစ်ဆင့် ၀င်ရောက် ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားကြောင်း ရှုကပြောသည်။ 
Source:CNA
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment