မိခင်ဖြစ်သူက ကလေး (၃) ဦးကို အခြား သူများထံ လိုက်လံပေး



အေသင်အောင်              
          မိခင်အရင်း ဖြစ်သူက မွေးထားသည့် ကလေး သုံးဦးကို အခြားသူများထံ လိုက်လံ ပေးခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ ယင်းအပြုအမူကို လူစည်ကားရာ အရပ်ဒေသတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။
          အဆိုပါ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသောကြောင့် ကလေးများကို ဆက်မွေးရန် မတတ်နိုင်တော့ပေ။ ယင်းကြောင့် ကလေးငယ် သုံးဦးကို လမ်းမပေါ် ခေါ်ယူ လာပြီး အခြား သူစိမ်းများထံ ပေးရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်။
         ကလေးငယ်သုံးဦးသည်  သားယောက်ျားလေးများ ဖြစ်ပြီး  အသက်အားဖြင့် (၃)နှစ်၊ (၂)နှစ်နှင့်(၈) လအရွယ်တို့ ဖြစ်ကြသည်။ အမျိုးသမီးသည် အသက် (၂၅)နှစ်သာ ရှိပြီး၊ ကလေးငယ်များကို အပေါ် အ၀တ်အစား မပါဘဲ ခေါ်လာခြင်း ဖြစ်သည်။ ကလေးငယ်များပြီး ငယ်ရွယ်လွန်းပြီး လမ်းမပေါ်တွင် မိခင်ဖြစ်သူက လိုက်လံ ပေးခဲ့ခြင်းကြောင့် လမ်းသွားလမ်းလာများက သတိထား စောင့်ကြည့် ခဲ့သည်။ အမျိုးသမီး ဖြစ်သူတွင် ကလေးငယ်များကို ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများ ပါပြီး  အပြီး မွေးစားရန် တောင်းဆို ခဲ့သည်။ တရုတ်နိုင်ငံတွင် တစ်အိမ်ထောင် ကလေး တစ်ယောက်သာ ယူရမည် ဖြစ်သော်လည်း အဆိုပါ အမျိုးသမီးတွင် သုံးယောက် ရှိနေသောကြောင့် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့သည်။ ယင်းသို့ လမ်းတွင် စုဝေးနေစဉ် တာဝန်ရှိသူရဲများ ရောက်လာခဲ့သည်။ ရဲများက  ထိန်းသိမ်းရေး စောင့်ရှောက်ရေး စခန်းပို့ ပေးမည်ဟု ဟြေခဲ့သော်လည်း လက်ခံခြင်း မရှိပေ။ ထို့ကြောင့် မည်သို့ ဆက်ဖြစ်သွားသည်ကို မသိရှိရကြောင်း ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment