ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင်ကုတ် အပါအ၀င် မြို့နယ်အများအပြားတွင် ပုဒ်မ ၁၈၈ ဒေသန္တရ အမိန့် ထုတ်ပြန်ထားကြောင်း သိရ


 ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင် ၁ ရက်အလိုတွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ကြောင်းကို သံတွဲမြို့  နယ်အတွင်း ဈေးများ ဆိုင်များ ရပ်ကွက်များတွင် ယနေ့ မနက်မှ စတင်ပြီး အုပ်ချုပ်ရေး တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လိုက်လံကြေငှာခဲ့ကြောင်း သံတွဲမြို့ရောက် The Ladies သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ ညနေ တောင်ကုတ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သံတွဲမြို့ တောင်ကုတ်မြို့  အပါအ၀င် မြို့  နယ် ၁၈ ခုစလုံးတွင် ပုဒ် ၁၈၈ ကို ထွေအုပ်ရုံးမှ ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း သိရသည်။ အကြောင်းအရာကို ထွေအုပ်ရုံးသို့သာ ဆက်သွယ်မေးမြန်း ပါရန် အဆိုပါ ရဲအရာရှိက ပြောကြားခဲ့သည်။

ထိုသို့ ထုတ်ပြန်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ဖြစ်နိုင်ကြောင်း သံတွဲမြို့ မှ NLD ပါတီဝင် တစ်ဦးက ပြောကြားသည်။ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်းကို သံတွဲမြို့ နယ် ရဲစခန်းကလည်း အတည်ပြု ပြောကြားခဲ့သည်။

ပုဒ်မ ၁၈၈ သည် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရေးပေါ်အခြေအနေ မဖြစ်ပေါ်ဖို့ ကြိုတင်တားဆီးတဲ့အနေနဲ့ ထုတ်ပြန်လေ့ရှိတဲ့ ပုဒ်မဖြစ်ပါသည်။

မလိုလားအပ်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်တားဆီးတဲ့ အနေနဲ့ သတ်မှတ် ဒေသန္တရစည်းကမ်းတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်ဆိုတာကို ပုဒ်မ ၁၈၈ မှာဖော် ပြထားသည်။

ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာသော အမိန့် ကို ဖီဆန်ကျူးလွန်ရာ၌ ထိုသို့ ဖီဆန်ခြင်းဖြင့် ဥပဒေနှင့်အညီ ခိုင်းစေခြင်းခံရသော သူများကို ဟန့်တား ခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ သို့မဟုတ် နစ်နာစေခြင်းဖြစ်စေ၊ ပြစ်မှုထင်ရှား သူကို (၁)အထိ အလုပ်မဲ့ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၂၀၀ အထိငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ အရ သိရသည်။

ထို့ပြင် အဆိုပါ ဖီဆန်ခြင်းသည် လူ့အသက်၊ ကျန်းမာရေး (သို့မဟုတ်) လုံခြုံရေး စသည်တို့ကို ဘေးဖြစ်စေလျှင် ပြစ်မှုထင်ရှားသူ ကို ၆ လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ် ၁၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ သိရသည်။

" အခုလို ထုတ်ပြန်လိုက်တာကြောင့် ဒေသခံတွေအတွက် ပိုပြီး စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်စေပါတယ်" ဟု The Ladies News Journal အား ပြောကြားခဲ့သည်။

မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment