သမ္မတအား လုပ်ကြံရန် စပိဘုတ်ကို ဖောက်ခွဲခဲ့ခြင်းဖြစ်ဟု ထုတ်ပြန်

စက်တင်ဘာလ(၂၈)ရက်နေ့တွင် မော်လ်ဒိုက်ဗ်စ် သမ္မတ လိုက်ပါလာသော စပိဘုတ်ပေါ်၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် သမ္မတကို လုပ်ကြံရန် ဖောက်ခွဲမှုသာ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး တစ်ဦးက ရိုက်တာစ်သတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။


      ယင်းဖြစ်ရပ်နှင့် ဆက်စပ်ပြီး စစ်တပ်အရာရှိနှစ်ဦးကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ၀န်ကြီး မိုဟမ္မဒ်ဟူစိန် ရှာရီးဖ်က ပြောဆိုခဲ့သည်။ မြို့တော် မာလဲနားသို့ ရောက်ရှိချိန်တွင် စပိဘုတ်ပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ သမ္မတ ဒဏ်ရာရရှိခြင်း မရှိခဲ့သော်လည်း သမ္မတကတော်နှင့် ကိုယ်ရေးအရာရှိ နှစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
      အက်ဖ်ဘီအိုင်၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျနှင့် သီရိလင်္ကာတို့မှ စစ်ဆေးသူများ၏ အဆိုအရ လုပ်ကြံသတ်ဖြတ်ခြင်း သာဖြစ်ကြောင်း ယခုအတည်ပြု နိုင်ပါပြီဟု ရှာရီးဖ်က ပြောဆိုခဲ့သည်။ စပိဘုတ်တွင်း ၀င်ရောက်ခွင့် ရခဲ့သူများကို စစ်ဆေးပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
      အသက် (၅၉)နှစ်အရွယ် ယာမင်းသည် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၎င်းသမ္မတဖြစ်ပြီး မကြာမီတွင် သမ္မတဟောင်း မိုဟမ္မဒ်နာရှီးအား အကြမ်းဖက်မှုများဖြင့် စစ်ဆေးပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်။ မော်လ်ဒိုက်ဗ်စ် အစိုးရ အရာရှိတချို့အား ခရီးသွားခွင့် ပိတ်ပင်ခြင်းနှင့် အခြားပိတ်ပင်မှုများ ချမှတ်နိုင်ရေးအတွက် နိုင်ငံတကာ လူ့အခွင့်အရေး ရှေ့နေများက လှုပ်ရှားနေပြီ ဖြစ်သည်။
      မော်လ်ဒိုက်ဗ်စ် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့သုံး စပိဘုတ်ပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအား မော်လ်ဒိုက်ဗ်စ် အစိုးရက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး၊ သမ္မတ ယာမင်းအတွက် လုံခြုံရေးကို တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း ၀န်ကြီးရှာရီးဖ်က ပြောဆိုခဲ့သည်။
Source:Reuters
The Messenger 
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment