အေသင်အောင်
အမျိုးသားများသည် မုတ်ဆိတ်မွေးနှင့် နူတ်ခမ်းမွေးများကို တန်ဖိုးထားလေ့ ရှိသည်။ အချို့က ဖက်ရှင်တစ်ခု သဖွယ် အမြတ် တနိုး ထားရှိခြင်းဖြစ်သည်။ ယင်းသို့ထားရှိသော သူများသည် ကမ္ဘာအနှံ့တွင် ရှိနေသည်။ ထို့ကြောင့် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးနှင့် ပတ်သက်သည့် ပြိုင်ပွဲများ ပေါ်ပေါက် လာခဲ့သည်။ အချို့ ပြိုင်ပွဲများသည် စိတ်ဝင်စားစရာ ကောင်းပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ သြစတြီးယား နိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် မုတ်ဆိတ်မွေးနှင့် နှုတ်ခမ်းမွေး ပြိုင်ပွဲသည် နှစ်စဉ် ပြိုင်ပွဲဝင် အရေအတွက် များစွာ ရှိခဲ့သည်။ ယင်းပြိုင်ပွဲကို ၁၉၉၀ ကတည်းက စတင် ကျင်းပ ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ကျင်းပသော ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်သူ (၃၀၀) ကျော်ရှိခဲ့သည်။
ပြိုင်ပွဲဝင်များသည် ကမ္ဘာအနှံ့မှ လာရောက် ကြခြင်း ဖြစ်သည်။ ပြိုင်ပွဲအမည်ကို ကမ္ဘာ့ချန်ပီယံရှစ် မုတ်ဆိတ်မွေးနှင့် နှုတ်ခမ်းမွေးပြိုင်ပွဲဟု အမည် ပေးထားသည်။ ပြိုင်ပွဲ အမျိုးအစားပေါင်း (၁၆)မျိုး အထိ ရှိသည်။
ယင်းပြိုင်ပွဲကို တောင်တန်းဒေသရှိ ကျေးရွာ တစ်ရွာတွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော် ပြိုင်ပွဲဝင် အရေအတွက် များလွန်း သဖြင့် ဒိုင်လူကြီးများ အတွက် ဆုံးဖြတ်ရခက် စေခဲ့သည်။ ပြိုင်ပွဲဝင်များ၏ မုတ်ဆိတ်မွေးနှင့် နှုတ်ခမ်းမွေးများသည် အံ့အားသင့်စရာ ကောင်းလှအောင် ထူးခြားနေခဲ့သည်။ မုတ်ဆိတ်မွေးနှင့် နှုတ်ခမ်းမွေးကို မည်ကဲ့သို့ ထားရှိသည်ကို မေးခွန်းထုတ် ရမည် ဖြစ်သည်။ ဒီဇိုင်း အမျိုးမျိုး အလှဆင် ထားသောကြောင့် ပြိုင်ပွဲကို လာရောက်သူများ အတွက် သာမက ပြိုင်ပွဲ ၀င်ရောက်သူများ အတွက်ပါ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ အချို့ ဒီဇိုင်းများသည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာက ပုံစံများ ဖြစ်ပြီး၊ အချို့ ဒီဇိုင်းများမူ ကိုယ်ပိုင် စိတ်ကူးဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယခု ပြိုင်ပွဲသည် မုတ်ဆိတ်မွေးနှင့် နှုတ်ခမ်းမွေးကို အမြတ်တနိုး ထားသူများ အတွက် ရင်ခုန်စရာ ပြိုင်ပွဲ ဖြစ်ခဲ့သည်။
The Messenger
0 comments:
Post a Comment