ထိုင်းတွင် ဆိုင်ကယ်ခိုးယူမှုများ ဗွီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ (ရုပ်သံ)

ထိုင်းနိုင်ငံ ဟတ်ရိုင်ခရိုင်မှာ ဆိုင်ကယ်တွေကို သူခိုးတွေက ခိုးယူနေတာတွေကို ဗွီဒီယိုနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
၃ မိနစ်နီးပါးကြာတဲ့ ရုပ်သံဖိုင်မှာ ဆိုင်ကယ်ခိုးယူတဲ့ ဖြစ်ရပ် ၂ ခုကို  ရိုက်ကူးပြထားတာ ဖြစ်ပြီး ကြည်ရှုတဲ့သူတွေအနေနဲ့ ဆိုင်ကယ်ကို ဘယ်လို လုံခြုံအောင် လုပ်ဆောင်ရမလဲဆိုတဲ့ အတွေး ရရှိနိုင်ပါတယ်။
ပထမဖြစ်ရပ်ကိုတော့ ဖေ့စ်ဘွတ်ခ် အသုံးပြုတဲ့ ဆုဒါရတ် ဆုဝမ်သာဒါက တင်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့လယ်ပိုင်း ဝေါ်ရာပတ်ရွာ ကျောင်းအတွင်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ခိုးယူဖို့အတွက် လူ ၂ ဦး ရစ်သီရစ်သီလုပ်ကာ အခြေအနေကို စောင့်ကြည့်နေတာနဲ့ အစပြုထားပါတယ်။
ဒီနောက်တဦးက ကျောင်းဝင်းအတွင်း ၀င်သွားပြီး မော်တော်ဆိုင်ကယ်ကို စက်နှိုးဖို့ ကြိုးစားပြီး ဆိုင်ကယ်ကို ခိုးယူသွားခဲ့ပါတယ်။
ဆုဒါရတ်ကတော့ ခိုးယူခံရတဲ့ ဆိုင်ကယ်နံပါတ်နဲ့ အတူ ရုပ်သံဖိုင်ကို ရှယ်ပြီး တွေ့ရှိပါက အကြောင်းကြားဖို့ ရေးသားထားပါတယ်။
ဒုတိယ ဖြစ်ရပ်ကတော့ အောက်တိုဘာ ၅ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ယူဂျူ အသုံးပြုသူတဦးက တင်ခဲ့ပါတယ်။
ဆိုင်ကယ်စီးသမား တဦးထံကို လူ ၂ ဦးက ချဉ်းကပ်လာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ဆိုင်ကယ်ကို ယူသွားတာ ဖြစ်ပါတယ်။
DVB Burmese
http://burmese.dvb.no/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment