မယ်စကြာဝဋ္ဌာ ပြိုင်ပွဲ တုတ်တုတ်ဖက်ရှင် ထိုင်း အလှမယ်ဝတ်မည်

11216699_851370618315890_7532733493872245539_n
ထိုင်းနိုင်ငံရဲ့ သင်္ကေတတခုဖြစ်တဲ့ ၃ ဘီး တုတ်တုတ်ဒီဇိုင်းပုံ ချုပ်လုပ်ထားတဲ့ ၀တ်စုံကို ဒီဇင်ဘာလ အမေရိကန် ပြည်ထောင်စုမှာ  ကျင်းပမယ့် ၂၀၁၅ မယ် စကြာဝဋ္ဌာပြိုင်ပွဲမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။


တုတ်တုတ်ဒီဇိုင်းပုံ ၀တ်စုံဟာပြိုင်ပွဲဝင် ၀တ်စုံ ၃၅၆ ထဲက အရွေးချယ်ခံရတာ ဖြစ်ပြီး အသက် ၃၅နှစ် ဒီဇိုင်နာ ဟာရန်ကစ် ပတ်ထရာဘော်ရီဘွန်ကူးက ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။
မယ်စကြာဝဋ္ဌာ ပြိုင်ပွဲဟာ ဒီဇိုင်းအသစ်တွေကို မျှော်လင့်နေတာ ဖြစ်တဲ့အတွက် သရီးဒီ နည်းပညာကို အသုံးပြုပြီး ဖန်တီးတာလို့ ဟာရန်ကစ်ကပြောပါတယ်။
11951307_833605126759106_2048408035648533416_n
၂၀၁၅ ခုနှစ် မယ်စကြာဝဋ္ဌာ ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ထိုင်းမယ်စကြာဝဋ္ဌာ အနီပေါင် ချာလန်ဘူရန်နာဝေါင်က ဒီဇိုင်းက တော်တော်ကောင်းမွန်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသား တော်တော်များများက ၃ ဘီး တက္ကဆီ တုတ်တုတ်တွေကို သိတဲ့သူများတဲ့ အတွက် ဒီဝတ်စုံဟာ သူကို ထိုင်းကလို့ ပြောနိုင်မှာလို့ သူက ပြောပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment