အင်္ဂလန်နိုင်ငံ ဒါဘီရိုင်းယား ဒေသတွင် မီးရထားလမ်းပေါ်၌ ဆယ်လ်ဖီရိုက်ကူးမှု ပြုလုပ်ခြင်းကြောင့် သတိပေးမှု ပြုလုပ်ထားရကြောင်း သိရသည်။ အဆိုပါ မီးရထားလမ်းသည် လူကူးလမ်းနှင့် ဆက်စပ်နေသောကြောင့် သွားရလွယ်ကူပြီး ကလေးများပါ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးနေခြင်း ဖြစ်သည်။ တာဝန်ရှိသူများက မီးရထားလမ်းတွင် ဆယ်လ်ဖီ ရိုက်ကူးခြင်းသည် အန္တရာယ်များလွန်းကြောင်း၊ မီးရထားသည် အချိန်မရွေး ဖြတ်သန်း သွားလာနိုင်သောကြောင့် သတိထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအပြုအမူကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် မှတ်တမ်းတင်နိုင်ခြင်း ဖြစ်သည်။ မှတ်တမ်းများအရ ကလေးမိခင်တစ်ဦးသည် သူ၏ကလေးကို ဖုန်းကင်မရာဖြင့် ရိုက်ကူးပေးနေသလို အချို့ကလည်း ဆယ်လ်ဖီရိုက်ကူးမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ကြောင်း တွေ့ရှိခဲ့ရသည်။ ဗြိတိန်တွင် လူသွားလမ်းနှင့် ဆက်စပ်သည့် မီးရထား ( ၆၀၀၀) ကျော်ရှိနေရာ ယင်းကဲ့သို့ မီရထားလမ်းပေါ်တက်ပြီး ဆယ်လ်ဖီရိုက်ကူးခြင်းသည် အသက်အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment