အဆိုးရွားဆုံး အကျဉ်းထောင်


အကျဉ်းထောင်သည် ဆိုးသွမ်းနေသော အမူအကျင့်များကို ပြုပြင်ပေးသည့် နေရာဖြစ်သည်။ သို့သော် ဘရာဇီးလ်နိုင်ငံ အတွင်းရှိ အကျဉ်းထောင်တစ်ခုသည် အကျဉ်းသားများတွက် ငရဲစခန်းထက် ဆိုးသည့်နေရာ ဖြစ်နေသည်။ အကျဉ်းထောင်ဟု ပြောသော်လည်း ပိုက်ဆံရှိပါက အကုန်လုပ်နိုင်သည်။ သို့သော် ယင်းသို့ ပြုလုပ်နိုင်သူများသည် နှစ်ရှည် ထောင်ကျနေသည့် လူဆိုးများ ဖြစ်ကြသည်။ သူတို့သည် ထောင်ထဲတွင် ဘုရင်များသဖွယ် နေထိုင်ကြသည်။ ဂိုဏ်းများ ထောင်ထားခြင်းကြောင့် အားလုံးကြောက်ရသည့် အဖွဲ့ဖြစ်လာသည်။ ထောင်အာဏာပိုင်များကို ငွေကြေးဖြင့် စည်ရုံးထားကြသည်။  ထို့နောက် ထောင်ထဲတွင် စီးပွားရှာခဲ့ကြသည်။ ယင်းသို့ ပြုလုပ်နိုင်သော ထောင်သည် ပါနန်ဘူကို ပြည်နယ်ရှိ အကျဉ်းထောင်တွင် ဖြစ်သည်။
      ထောင်ထဲတွင် တရားဥပဒေ စိုးမိုးမှု လုံးဝမရှိသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ထောင်ထဲတွင် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ရောက်ရှိလာသော နှစ်ရှည်အကျဉ်းသားများသည် အုပ်စုဖွဲ့ ဂိုဏ်းထောင်ပြီး ထောင်သား အချင်းချင်း မိုက်ကြေးခွဲခြင်း ဖြစ်သည်။ အဆိုပါ ဂိုဏ်းခေါင်းဆောင်များသည် ထောင်တွင်း မည်သည့်နေရာကိုမဆို သွားလာနိုင်သည့် သော့များရှိသည်။ ထို့ပြင် မကျေပ်ပါက ထောင်သားအချင်းချင်း သတ်ပစ်လိုက်ကြသည်။ ထောင်ထဲတွင် သေဆုံးသွားသော်လည်း သက်သေ မရှိသောကြောင့် မည်သည့်အရေးယူကိုမှ ပြုလုပ်နိုင်ခြင်း မရှိပေ။ ထောင်ထဲတွင် ကိုကင်း ရောင်းချခဲ့သည်။ ကိုကင်းကို အကြွေးဖြင့် ရောင်းခြင်းဖြစ်သည်။ အကျဉ်းသား အနေဖြင့် ကိုကင်းသုံးစွဲပြီးပါက အိမ်မှ ပိုက်ဆံပေးချေရမည် ဖြစ်သည်။
      ထိုသို့မပြုလုပ်နိုင်ပါက အိမ်အား အလောင်းလာကောက်ရန် ခြိမ်းခြောက် ပြောဆိုမည်ဖြစ်သည်။ ထောင်တွင်းရှိ လူဆိုးဂိုဏ်းများသည် ပြောပြီးရင်လည်း တကယ်လုပ်ကြသည်။ သူတို့သည် ထောင်ထဲတွင် ဇိမ်ခံသူဌေးကြီးများ သဖွယ် နေထိုင်ကြသည်။ ရေခဲသေတ္တာ၊ အခိုင်းအစေ၊ တီဗွီများဖြင့် ဇိမ်ရှိရှိ နေထိုင်ကြသည်။ ထောင်ထဲတွင် အမျိုးသား အချင်းချင်း မုဒိမ်းမူများလည်း ရှိနေသောကြောင့် စိုးရိမ်စရာ ဖြစ်သည်။ ထို့ပြင် မိန်းမလျာများကိုလည်း အတင်းဓမ္မ ပြုကျင့်နေသောကြောင့် အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာခဲ့သည်။ လူအခွင့်အရေးအဖွဲ့များက ဘရာဇီးလ်နိုင်ငံရှိ အကျဉ်းထောင်များ၏ ဆိုးရွားစွာ ပြုမူနေခြင်းကို အစိုးရထံ တင်ပြခဲ့သော်လည်း ပြောင်းလဲခြင်း မရှိခဲ့ပေ။ အမျိုးသား အချင်းချင်း မုဒိမ်းကျင့်ရာတွင် ပလတ်စတစ်အိတ်ကို ဦးခေါင်းတွင် စွပ်ပြီးနောက် ပြုလုပ်ခြင်းဖြစ်သည်။ ဘရာဇီးလ် အကျဉ်းထောင်များသည် သတ်မှတ်ထားသည် အကျဉ်းသားဦးရေထက် ပိုများနေကြောင့် အုပ်ချုပ်မူကို အကောင်းဆုံး ပြုလုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။ အကျဉ်း သား (၃၁)ဦးကို ထောင်ဝန်ထမ်းတစ်ဦးက အုပ်ချုပ်နေရခြင်း၊ အကျင့်ပျက် ၀န်ထမ်းများ ရှိခြင်းတို့ကြောင့် အကျဉ်းထောင်များ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment