Lamar Odom သေဆုံးတဲ့အခါ ဒေါ်လာ သန်းနဲ့ချီ ပိုင်ဆိုင်ရရှိမယ့် ဇနီးဟောင်း Khloe Kardashian



Keeping Up With The Kardashian ဆိုတဲ့ ဖြစ်ရပ်မှန် အစီအစဉ်ရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Khloe Kardashian ဟာ သူမရဲ့ ခင်ပွန်းဟောင်း ဖြစ်သူ Lamar Odom ရဲ့ နံဘေးမှာ အချိန်ပြည့်ရှိနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ LA Lakers အသင်းရဲ့ ဘတ်စကတ်ဘော အကျော်အမော် တစ်ဦးဖြစ်သူ Lamar Odom ဟာ Coma ရောဂါ ဖြစ်နေတဲ့အတွက် လတ်စ်ဗီးဂတ်စ် ဆေးရုံမှာ ကုသမှု ခံယူနေရတာပဲ ဖြစ်ပါတယ်။

အမှန်တစ်ကယ်တော့ Khloe Kardashian ဟာ သူမနဲ့ Lamar Odom တို့ရဲ့ ကွာရှင်းပြတ်စဲမှုကို လွန်ခဲ့တဲ့ ၃ လခန့်ကပဲ အပြီးသတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ Radar Online သတင်းဌာန ရဲ့ ဖော်ပြချက်တွေအရ Lamar သေဆုံးသွားတဲ့အခါမှာ သူတို့ လင်မယားရဲ့ အိမ်ထောင်ရေး သဘောတူညီချက်အရ Khloe ဟာ Lamar ရဲ့ အသက်အာမခံကြေးမူဝါဒ အရ ဒေါ်လာ ၁၀ သန်းကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Khloe နဲ့ Lamar ဟာ သူတို့ ၂ ယောက်တွေ့ဆုံပြီး တစ်လအကြာ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့စုံတွဲဟာ E! ရုပ်သံ ဌာန နဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ Season ၂ခု စာ ဖြစ်ရပ်မှန် ရှိုးတွေထုတ်လွှင့်ပြသခဲ့ပြီး ထို ထုတ်လွှင့်ပြသမှု ပြီးဆုံးပြီး ၁ နှစ်ခန့်အကြာမှတော့ Khloe ဟာ Lamar ကို ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကွာရှင်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သူတို့လင်မယားရဲ့ ကွာရှင်းပြတ်စဲမှုဟာ အပြီးသတ်ဖို့ ၁၈ လ ကြာခဲ့ပြီး Khloe ဟာ ပိုက်ဆံ များစွာရယူပြီး အိမ်ထောင်ရေးရဲ့ အဝေးကို ထွက်ခွာလာခဲ့တယ်လို့ သတင်းတွေကတော့ ဆိုပါတယ်။ Radar Online သတင်းဌာနက တင်ပြထားတာကတော့ Khloe ဟာ သူတို့လင်မယားရဲ့ ဒေါ်လာ ၄ သန်းတန် အိမ် ၊ ဒေါ်လာ ၁သန်း တန် စေ့စပ်လက်စွပ် နဲ့  ၄ နှစ်တာ အိမ်ထောင်ရေးကာလ အတွင်း ရခဲ့တဲ့ တန်ဖိုးကြီး လက်ဆောင်တွေကို လည်း ပိုင်ဆိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Celebrity Net Worth ရဲ့ အဆိုအရတော့ Lamar Odom ဟာ ဒေါ်လာ သန်း ၃၀ ခန့် ကြွယ်ဝချမ်းသာပြီး Keeping Up With The Kardashian ရဲ့ ကြယ်ပွင့် Khloe Kardashian ကတော့ ဒေါ်လာ ၂၅ သန်း ခန့် ကြွယ်ဝချမ်းသာတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment