အချစ်ရဲ့နေရောင်အောက်က Bradley Cooper နဲ့ Irina Shayk

ဟောလိဝုဒ်မင်းသားကြီး Bradley Cooper နဲ့ ညှို့အားပြင်းမော်ဒယ် Irina Shayk တို့ဟာ သူတို့ရဲ့ အားလပ်ရက်တွေကို ဘဟားမားနိုင်ငံက ကမ်းခြေတစ်ခုမှာ အတူတူအနားယူရင်း အချိန်ကုန်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်ဇာတ်လမ်းတွေ ဖြစ်ပေါ်လာတော့မလားဆိုပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေကြတာပါ။ အချစ်ရဲ့ အငွေ့အသက်တွေ ပြည့်နေတဲ့ နေရောင်အောက်မှာ သူတို့နှစ်ယောက်ဟာ ပျော်ပျော်ပါးပါး ရေကစားနေကြပြီး တစ်ယောက်ကို တစ်ယောက်ကြင်နာမှု အပြည့်နဲ့ ရှိနေခဲ့ကြတာပါ။



အသက်လေးဆယ်အရွယ်ရှိပြီးဖြစ်နေတဲ့ Bradley Cooper ဟာ Irina Shayk ရဲ့ ကောက်ကြောင်းတွေပေါ်ကို ရေဘူးတစ်ဘူးနဲ့ ဖြန်းပက်ပေးနေပြီး Irina ကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူမဟာဆိုရင်တော့ ပန်းရောင် bikini ကို ဝတ်ဆင်ထားပြီး Bradley ကတော့ အနီရောင် ရေကူးဘောင်းဘီကို ဝတ်ဆင်ထားပြီး ယောက်ျားပီသတဲ့ ကိုယ်နေဟန်ထားမှာ ရှိနေခဲ့တာပါ။



သူတို့ဟာ ဟော်တယ်အပြင်ဘက်မှာ ရေကစားကြပြီးတဲ့နောက်မှာတော့ Bradley ကတော့ သူ့ရဲ့ ရေလွှာလျှောစွမ်းရည်ကို ပြခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မင်းသားကြီးနဲ့ မော်ဒယ်မလေးတို့ရဲ့ ချစ်ဇာတ်လမ်းကတော့ လာခြင်းကောင်းနေအုံးမလားဆိုတာ စောင့်ကြည့်ရအုံးမှာပါ။

( Paing AK )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref:ABC
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment