အုပ်စုဖွဲံ့၍ ခိုက်ရန်ဖြစ်ပွားသူများအနက် လူငါးဦးအား ဖမ်းဆီးထားသည်ဟုဆို


မုံရွာ၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်နှင့် နန္န၀န်ရပ်ကွက်အကြား ရွှေဝါရောင်ရေတွင်းလမ်း(ခေါ်) အင်းဖြတ်လမ်း၏တစ်နေရာတွင် ယခုလ ၁၂ ရက်ည ၁၀ နာရီအချိန်က အုပ်စုဖွဲ့ ရမ်းကားမှုများကြောင့် လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်ဒဏ်ရာရကာ ယာဉ်အချို့ ပျက်စီးခဲ့ရသည့် ဖြစ်စဉ်၌ ပါဝင်သူများဟုယူဆရသူ လူငါးဦးကို မုံရွာနယ်မြေရဲစခန်းက ယခုလ ၁၄ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

`` ငါးယောက်ဖမ်းထားပါတယ် ..။ ပြစ်ချက်ဟောင်းရှိတဲ့ သူတွေလည်းပါဝင်နေပါတယ်..´´ ဟု ၎င်းရဲစခန်း၏ နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် စိုင်းမင်းမင်းဇော်က ပြောသည်။

မုံရွာမြို့ပေါ်တွင် ညအချိန်၌ သွားလာလျက်ရှိသည့် ယာဉ်အချို့မှာ လောက်လေးခွဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်များ အများအပြားဖြစ်ပွားခဲ့သည်။ သို့သော် သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment