မုံရွာမြို့နယ် တောင်ပုံကျေးရွာ နှင့် အောင်သာကျေးရွာတို့၌ မီးလောင်


မုံရွာ မတ် ၇

မုံရွာတောင်ဘက် ပုရစ်ကုန်း ကျေးရွာအုပ်စု တောင်ပုံကျေးရွာရှိ နေလထွန်းကြာဆံအလုပ်ရုံ မီးဖို ခေါင်းတိုင် မီးပွား အမိုးပေါ်ကျရာမှ ကူးစက်လောင်ကျွမ်းမှု မတ်လ ၇ ရက် နံနက် ၁၁ နာရီခွဲက ဖြစ်ပွားအပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် မုံရွာမြို့ အရှေ့တောင်ဘက် လယ်ဇင်ရွာအနီး အောင်သာကျေးရွာ၌ အိမ်ကိုးလုံး မီးလောင်မှုဖြစ်ပွားရာ ၁ နာရီခွဲ အတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

''မုံရွာမြို့ အရှေ့တောင်ဘက် က လယ်ဇင်ရွာနားက အောင်သာရွာ မှာ လျှပ်စစ်ရေနွေးအိုးတည်ထား ခဲ့ပြီး ကွမ်းခြံကိုသွားခဲ့ရာက ရေနွေး အိုးရေခန်းပြီး အပူလွန်ကဲကူးစက် လောင်ကျွမ်းခဲ့တာပါ။ အဲဒီအရင် မုံရွာမြို့တောင်ဘက်က ပုရစ်ကုန်း ကျေးရွာအုပ်စု တောင်ပုံကျေးရွာနေ လထွန်းကြာဆံအလုပ်ရုံက ကြာဆံ ပြုတ်ရာမှာသုံးတဲ့ မီးခိုးခေါင်းတိုင် ကမီးပွား အမိုးပေါ်ကျကူးစက်ရာ ကနေ လောင်တာပါ''ဟု မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မွန်းလွဲ ၁ နာရီခွဲခန့်က စတင် လောင်ကျွမ်းခဲ့သော လယ်ဇင်ကျေးရွာ အနီး အောင်သာကျေးရွာ အိမ်ကိုး လုံးမီးလောင်မှုကို မုံရွာမြို့နယ် မီး သတ်ဦးစီးဌာန မီးသတ်ယာဉ်သုံးစီး အပါအဝင် ရပ်ကွက်ကျေးရွာအသီး သီးမှ မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ် ယာဉ် လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃ဝ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇ဝ ဖြင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။ အောင်သာ ရွာ အိမ်ကိုးလုံးမီးလောင်မှုတွင် မီး ပေါ့ဆသူ ဦးသန်းဝင်းကို မုံရွာမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

နံနက် ၁၁နာရီခန့်က လွန်ခဲ့ သော ကြာဆံအလုပ်ရုံမီးကို တောင်ပုံ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာဒေသခံများ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ခြောက်မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးပေါ့ဆသူ ကိုအောင်သိုက်ကို မုံရွာမြို့မရဲစခန်း က အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းထွန်း (မုံရွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment