သာစည်မြို့နယ်တွင် လူနှစ်ဦးကို ရိုက်နှက်ခဲ့၍ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ



သာစည် မတ် ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် မတ် ၉ ရက်ညက ကန်ရှည်ကျေးရွာသွား လမ်းနံဘေးရှိ တောကျောင်းကြီး ဇရပ်ပေါ်တွင် မူးပြီး အိပ်ပျော်နေကြသည့် ဆံမြိတ်ရှည်ကျေးရွာတွင် နေထိုင်သူ စိုးပိုင် (၃၆)နှစ်နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ဇော်လွင် (၄၂)နှစ်တို့အား လူတစ်စုက လက်ပြန်ကြိုးတုပ်ပြီး တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ကြသဖြင့် စိုးပိုင်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးပြီး ဇော်လွင်မှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုမှ တရားခံများ ဖော်ထုတ်ရရှိရေးအတွက် မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူးဝင်းမြင့်နှင့် အဖွဲ့က ဆံမြိတ်ရှည်ရွာမှ သံသယရှိသူများကို ရဲစခန်း သို့ခေါ်ယူ၍ စစ်ဆေးခဲ့ရာ သေဆုံးသူ စိုးပိုင်၏ ယောက်ဖ ကျော်ဦးက မှုခင်းဖြစ်ရပ်မှန်ကို မတ် ၁၈ က ၎င်း၏ဆန္ဒအတိုင်း ဝန်ခံထွက်ဆို ဖြောင့်ချက်ပေးခဲ့သည်။

 ကျော်ဦး၏ ထွက်ဆိုချက်အရ အမှုတွင် ပါဝင်ကျူးလွန်သူများဖြစ်သည့် စိုးပိုင်၏ ညီအရင်း ကိုနိုင် (၃၃)နှစ် ၊ စိုးပိုင်နှင့် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ ကိုလတ်(ခ) လတ်ကြီးနှင့် လွှမ်းမိုး (ခ) ဇော်ထွန်းတို့အား ဆက်လက်ဖမ်းဆီးခဲ့သည်။

 ပြစ်မှုကျူးလွန်သူများက ၎င်းတို့၏ အစ်ကိုဖြစ်သူမှာ အရက်သေစာ သောက်စားပြီး မူးလာချိန်တွင် မိသားစုအပေါ် အနိုင်အထက် ပြုမူခြင်း၊ ဆွေမျိုးသားချင်းများအပေါ် အနိုင်ကျင့်ခြင်းတို့ကြောင့် ယခုကဲ့သို့ ရွာနှင့်ဝေးသည့် ဇရပ်ပေါ်တွင် မူးပြီးအိပ်ပျော်နေစဉ် ဝါးတုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်ကို(သာစည်)
The Mirror Daily
https://www.facebook.com/TheMirrorDaily




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ

  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း

  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း





  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment