တာချီလိတ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦး၏ ဦးခေါင်းအား ကားဘော်ဒီ ပိ၍ ပွဲချင်းပြီး သေဆုံး


ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့၊ ၀မ်လုံးကျေးရွာအုပ်စု တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမပေါ်တွင် မတ်လ(၂၂)ရက် ညပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမည်မသိ အမျိုးသမီးတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

မတ်လ(၂၂)ရက် ည(၉)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့၊ ၀မ်လုံးကျေးရွာအုပ်စု၊ တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမပေါ် ၀မ်ကျောက်လုံ ပြည်သူ့စစ်စခန်းရှေ့ လမ်း၏ ယာဘက်ခြမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ISUZU အမျိုးအစား အနက်ရောင် မော်တော်ကားတစ်စီးသည် ပက်လက်လန်မှောက်လျှက် အနေအထားဖြင့် တွေ့ရှိရပြီး ယာဉ်၏ ယာဘက်ခြမ်း ဘော်ဒီနှင့် ဦးခေါင်းပိလျက် သေဆုံးနေသည့် အမျိုးသမီးတစ်ဦးမှာ အသက်(၂၀)၀န်းကျင်ခန့်သာရှိပြီး အမည်နှင့်နေရပ်လိပ်စာ မသိရသေးကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး လူအားသေဆုံးစေခဲ့သူ ယာဉ်မောင်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေလျက်ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

http://www.tachileik.net
Tachileik Online News ( www.tachileik.net )





  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ

  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း

  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း

  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment