တရားစွဲဆိုခြင်း ခံထားရသော စာရေးဆရာ ဦးထင်လင်းဦးအား စတင် စစ်ဆေးရန် လျှောက်လဲချက်ပေး

 6-3-2015 ဆရာထင်လင်းဦး ချောင်းဦးတရားရုံး ရုံးချိန်း တွင်ရှေ့နေမှ လျောက် လွှဲချက်တင်ပြီး လျှေက်လွဲချက် အမိန့်အား 17-3-2015 Tue နေ့တွင် ချမှတ်မည်ဖြစ် ပါသည်။ ဓါတ်ပုံ - Htin Lin Oo (fb)
ချောင်းဦး မြို့နယ် တရားရုံးတွင် သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော စာရေးဆရာ ဦးထင်လင်းဦး အမှု ကို ယခုလ ( ၆) ရက်နေ့ ရုံးချိန်းတွင် တရားခံဟု ယူဆသူအား စတင်စစ်ဆေးနိုင်ရန် အတွက် လျှောက်လဲချက် ပေးခဲ့ကြောင်း ချောင်းဦးမြို့ နယ် တရားရုံးမှ သိရသည်။

အဆိုပါ လျှောက်လဲချက်တွင် ချောင်းဦး မြို့နယ် သာသနာရေး ဦးစီးမှူး ဦးဦးထွန်းခိုင်မှ တရားလိုပြုလုပ် တိုင်တန်းခြင်း ဖြစ်ပြီး ဆရာ ဦးထင်လင်းဦး (WisdomVilla) ၏ (၂)  နာရီ ကျော်ကြာ ဟောပြောမှုကို (၅) မိနစ်ခန့် လောက်သာ ဖြတ်တောက် ဆက်စပ်ကာ  တရားစွဲဆိုရာမှ ပေါ်ပေါက် လာသော အမှု ဖြစ်ကြောင်း ထည့်သွင်း ရေးသား ထားသည်။

ကျွန်တော့် ဟောပြောမှုကို လိုသလို ဖြတ်ညှပ်ကပ် လုပ်မယ် ဆိုရင်တော့ အန္တရာယ် ကြီးပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖာနိုင်ငံကြီး ဖြစ်သွားမယ် ဆိုတာကို ရိုင်းတယ်လို့ ပြောလို့ မရပါဘူး။ ရှေ့က ဟောခဲ့တဲ့ လမ်းပေါ်တက်ပြီး ဆေးရိုး လှမ်းတာတို့ လုပ်ခဲ့မယ် ဆိုရင် ဖာနိုင်ငံကြီး ဖြစ်နိုင် တယ်လို့ ဟောခဲ့တာပါ၊ အခုလည်း အဲဒီလိုပါပဲ။ လိုအပ်သလို ဖြတ်တောက်ယူလို့ မရပါဘူး။ အကြောင်းအရာ တွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုတွေ ရှိနေ ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကိုးကွယ်နေ တဲ့ ဗုဒ္ဓဘာသာဆိုတာ ဝေဖန်ခံနိုင်ရမယ် ဟု ဆရာ ဦးထင်လင်းဦးက The Messenger Media သို့ ပြောသည်။ ဆရာဦးထင်လင်းဦး၏ လျှောက်လဲ တင်ပြချက်အား လာမည့် (၁၇) ရက်နေ့ တွင် ပြန်လည် ကြားနာမည် ဖြစ်ပြီး စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း ချောင်းဦးမြို့နယ် တရားသူကြီးထံမှ သိရသည်။

စာရေးဆရာ ဦးထင်လင်းဦးသည် ချောင်းဦး မြို့နယ် သုံးပန်လှ စံပြ ကျေးရွာတွင် ဆရာတော် ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောရာ ဘာသာ သာသနာကို ညှိုးနွမ်းစေ လိုသော ဟောပြောမှုများ ပါဝင်သည်ဟု ဆိုကာ ချောင်းဦးမြို့နယ် သာသနာရေး ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့သည့် အတွက် ချောင်းဦး မြို့နယ် တရားရုံးတွင် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ၂၉၅-က၊ ၂၉၈ တို့ဖြင့် တရားစွဲခြင်း ခံထား ရခြင်း ဖြစ်သည်။

လင်းလင်းမောင်
The Messenger Media
http://messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment