အိန္ဒိယသမုဒ္ဒရာ ကျွန်းစုမှာ လေယာဉ်အပိုင်းအစ တခု တွေ့ရှိ


 အိန္ဒိယ သမုဒ္ဒရာ ရဲ့ Reunion ကျွန်းစုပေါ်ကို ပင်လယ်ရေနဲ့ မျောပါ ရောက်လာတဲ့ လေယာဉ် အပျက်အစီးအပိုင်းအစ တခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ရဲ့ အပိုင်းအစတွေလား ဆိုတာကို ပြင်သစ် သယ်ယူပို့ဆောင်ရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက စစ်ဆေးနေပါတယ်။

အဲဒီ အပျက်အစီး အပိုင်းအစ ဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်နဲ့ မော်ဒယ်လ် ချင်းတူတဲ့ Boeing 777အမျိုးအစား လေယာဉ်တစင်းရဲ့ တောင်ပံ အစိပ်အပိုင်းဖြစ်တယ် ဆိုတာ အဲဒီ အပျက်အစီး ဓာတ်ပုံကို တွေ့ခဲ့ရတဲ့ စုံစမ်းစစ်ဆေးသူတွေ က အတော်လေး သေချာသလောက်ပဲလို့ အမေရိကန် သတင်း ရပ်ကွက်က ပြောပါတယ်။

ပြင်သစ် ကျွမ်းကျင်သူတွေကတော့ သေချာပေါက်ပြောဖို့ အချိန်စောသေးတယ် လို့ ဆိုပါတယ်။

Boeing 777အမျိုးအစား လေယာဉ်တွေထဲမှာ မလေးရှား ခရီးသည်တင် လေယာဉ် အမှတ် MH370 တစင်းပဲ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး ပါသွားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment