တရုတ် iPhone အတုစက်ရုံကို တရုတ်ရဲတပ်ဖွဲ့စီးနင်း


 Apple ကုမ္ပဏီ၏ iPhone အတု ၄၁ဝဝဝ ထုတ်လုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် စက်ရုံတစ်ခုကို ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သံသယရှိသူကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း တရုတ်မီဒီယာများက ယနေ့ဖော်ပြထားသည်။

အဆိုပါစက်ရုံတွင် အလုပ်သမားပေါင်း ရာနှင့်ချီရှိနေပြီး ပြည်ပသို့ တင်ပို့ရန်အထိ ရည်ရွယ်ထုတ်လုပ်နေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ iPhone အတုများကို အမေရိကန်ဒေါ်လာ ၁၉ ဒေါ်လာခန့်ဖြင့် လက်ကားဖြန့်ရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

 အဆိုပါစက်ရုံကို ပြီးခဲ့သည့် မေ ၁၉ ရက်ကတည်းက တွေ့ရှိခဲ့သော်လည်း ပေကျင်း လူထုလုံခြုံရေးဌာနက ယမန်နေ့တွင် အများပြည်သူသို့ အသိပေးခဲ့သည်။

iPhone အတုစက်ရုံကို ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက စတင် လည်ပတ်နေကြောင်း သိရသည်။ အဆိုပါစက်ရုံတွင် ပေကျင်းမြို့မြောက်ပိုင်းတွင် တည်ရှိကြောင်း အစိုးရအာဏာပိုင်များက ပြောသည်။

 အမေရိကန် အာဏာပိုင်များကတစ်ဆင့် ဖုန်းအတုများဈေးကွက်အတွင်းတွေ့ရှိနေသည် ဟု တရုတ် အာဏာပိုင်များထံသို့ အကြောင်းကြားသတိပေးခဲ့ရာမှ တစ်ဆင့် အဆိုပါဖုန်းအတုစက်ရုံကို သတိထားမိခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။

 ပစ္စည်းအတုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး အမေ ရိကန်နှင့် တရုတ်တို့သဘောတူထားကြောင်း သိရသည်။

T1P(Ref:SKY)
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment