နိုင်ငံသားစိစစ်ရေးကဒ်ပြား အတုလုပ်သူတွေကို စစ်ဆေး


ဓါတ်ပုံ - အင်တာနက်
 ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ သန်းခေါင်းစာရင်း အတုတစ်ခုကို တွေ့ခဲ့တာကြောင့် စပ်ဆက်ရှာဖွေခဲ့ရာမှာ တောင်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တွေမှာလည်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားအတု ၁ဝဝ ကျော် လုပ်ပေးနေသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သန်းခေါင်စာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား အတုလုပ်တယ်လို့ သံသယရှိသူ ၅ ဦးကို စစ်ဆေးနေတယ်လို့ မင်္ဂလာတောင်ညွှန့်ရဲစခန်းမှူး ဒုရဲမှူး သန်းဦး က ပြောပါတယ်။

"ဖမ်းဆီးထိန်းသိမ်းတာ မရှိပါဘူးခင်ဗျ၊ ရဲစစ်ဆေးချက်နဲ့ပဲ ပတ်သက်ပြီးတော့ပဲ ကျနော်တို့ အခုစွပ်စွဲခံရသူ ၅ ဦးပေါ့ဗျာ သူတို့ကို ကျနော်တို့က စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်၊ ဒီဥစ္စာနဲ့ပတ်သက်လို့ ပြစ်မှုထင်ရှားတယ်ဆိုရင် တရားစွဲခံရမယ် နောက်ပြီး ဆက်ပြီးတော့ အရေးယူခံရမှာပေါ့ဗျာ"

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် သပြေကုန်းရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးဟာ ပင်စင်ကိစ္စဆောင်ရွက်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထောက်ခံစာ သွားရောက် လျှောက်ထားခဲ့ရာမှာ သန်းခေါင်စာရင်းအတုဖြစ်နေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကတဆင့် မင်္ဂလာတောင်ညွှန့်ရဲစခန်းက စစ်ဆေးရာမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သန်းခေါင်စာရင်းအတု ပြုလုပ်ပေးခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး တောင်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တွေက နိုင်ငံသားစိစစ်ရေးကဒ်ပြားအတု ပြုလုပ်သူ ၂ ဦးနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားအတုတွေကိုလည်း ဆက်စပ်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ သန်းခေါင်စာရင်းအတုပြုလုပ်တဲ့ သံသယရှိသူတွေဟာ အမှုအမှန်တကယ် ကျူးလွန်သူတွေဖြစ်မယ်ဆိုရင် ပြစ်မှုဆိုင်ရာပုဒ်မ ၄၂ဝ ၊၄၆၈ တို့နဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ ဒုရဲမှူးသန်းဦးက ပြောပါတယ်။

လိမ်လည်မှု၊ စာချုပ်စာတမ်းအတု ပြုလုပ်မှုတွေအရ အရေးယူတဲ့ ပြစ်မှုဆိုင်ရာပုဒ်မ ၄၂ဝ အရ ထောင်ဒဏ်ချမှတ်မယ်ဆိုရင် ၇ နှစ်ကျခံရနိုင်ပြီး ပုဒ်မ ၄၆၈ အရ ထောင်ဒဏ်ချမှတ်မယ်ဆိုရင်လည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရနိုင်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment