နယ်မြေလုံခြုံမှုမရှိ၍ ပီချောင်းဘက်က ပြည်သူများ ကုလားတန်ဘက်သို့ ပြောင်းရွှေ့မှုများလာ


 သြဂုတ် ၂၈

 မတ်လကုန်ပိုင်းကဖြစ်ပွားခဲ့သော စစ်တပ်နှင့် ရခိုင်လက်နက်ကိုင် AAတို့အကြား ပစ်ခက်မှုမှစတင်၍ ပီချောင်းအရပ်ဒေသတစ်လျှောက်တွင်နေထိုင်ကြသော ပြည်သူများ တစ်နေ့တစ်ခြား ကုလားတန်ဘက်သို့ ပြောင်းရွှေ့မှု ပိုများလာကြောင်း ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

"ကျနော်နေတဲ့ရွာကို မကြာသေးခင်ရက်ပိုင်းက မိသားစုတစ်စုပြောင်းလာတယ်။ နောက်ထပ် ခုနှစ်အိမ်လောက်ပြောင်းလာကြအုံးမယ်လို့ သတင်းရတယ်။ ဒါက ကျနော်နေတဲ့ရွာကိုပြောင်းလာတာကိုပဲ သိရသေးတာ။ တခြားရွာတွေကို ပြောင်းလာတဲ့သူတွေရှိအုံးမှာပါ" ဟု ယင်းက ပြောသည်။

ပြင်စိုကျေးရွာမှ စစ်ရှောင်ဒုက္ခသည် ၃၄၀ ဦးမှာမူ လောက်တင်ရွာအနီးတွင် စခန်းချနေထိုင်လျှက်ရှိပြီး ယခုပြောင်းရွှေ့လာသူများမှာ ကွမ်းချောင်းဝနှင့် အနီးဝန်းကျင်မှ ရွာများမှ မရမ်းရွာသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့ ပြောင်းရွှေ့မှုပိုမိုများပြားလာမည်ကို ပီချောင်းခူမီးလူငယ်အသင်းအနေဖြင့်အလွန် စိုးရိမ်လျှက်ရှိပြီး ပြောင်းရွှေ့မိသားစုများအနေဖြင့် နေရာဒေသအသစ်တွင် ရုန်းကန်လှုပ်ရှားမှုကျပ်တည်းမည်ကိုလည်း စိုးရိမ်ပေးရသည်ဟု လူငယ်ခေါင်းဆောင်တစ်ဦးမှ ပြောသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment