နေ့ခင်းကြောင်တောင် ရွှေဆိုင်ပိုင်ရှင်ကို သတ်၊ ပစ္စည်းလု


 ယနေ့ ကျွန်းလှမြို့ ပေါ်တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးအား သတ်ပြီး ရွှေများ လုယတ်သွားမှု ယနေ့ နေ့ လယ်က ဖြစ်ပွားခဲ့ပါသည်။  ဆိုင်နာမည်က ဦးသန်းစိန် - ဒေါ်စိန်ပို ရွှေဆိုင်ပါ အသတ်ခံရသူက ဒေါ်စိန်ပို လို့ သိရပြီ အခင်းဖြစ်တဲ့ နေရာက ကျွန်းလှမြို့  ရဲစခန်းနဲ့ မျက်နှာချင်းဆိုင် ရွှေဆိုင်မှာ အခင်းဖြစ်ပွားတယ်လို့ သိရပါသည်။ သတင်း - ဓါတ်ပုံ ။ ခင်မောင်ဦး (fb)  သြဂုတ်လ (၂၈) ရက်နေ့ ။

မုံရွာ

           ကျွန်းလှမြို့နယ် ပိတောက်မြိုင်လမ်းရှိ နေအိမ် အတွင်းသို့ ယခုလ (၂၈) ရက်နေ့ နံနက်ပိုင်းက လူသတ်ကာ ရွေထည် ပစ္စည်းများ လုယူမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။

          ကျွန်းလှမြို့၊ပိတောက်မြိုင်လမ်းနေ ဦး-------- (၅၃) နှစ် ရွေပန်းထိမ် လုပ်ငန်း လုပ်ကိုင်သူသည် အခင်း ဖြစ်ပွားသည့်နေ့၌ သစ်ရာမြိုင်ဈေးရှိ ရွှေပန်းထိမ်ဆိုင်သို့ သွားစဉ် ဇနီးဖြစ်သူ ဒေါ်-------- (၅၃) နှစ်မှာ နေအိမ်တွင် တစ်ဦးတည်း ကျန်နေခဲ့ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။

          ''ယင်းသို့ ရွေပန်းထိမ်ဆိုင်သို့ ဆိုင်ဖွင့်ပြီး နေ့လယ် (၁၁း၃၀) နာရီအချိန်တွင် ထမင်းစား လူချိန်းရန် နေအိမ်သို့ ဖုန်းခေါ်ရာ မကိုင်သဖြင့် တပည့်ဖြစ်သူအား နေအိမ်သို့ သွားရန် စေခိုင်းခဲ့ရာ တပည့်ဖြစ်သူမှာ နေအိမ်သို့ ရောက်စဉ် ဆရာ ဆရာ လာပါဦး၊ ဆရာကတော် လဲကျနေတယ်'' ဟု ဖုန်းဆက် ခေါ်သည့် အတွက် သွားရောက်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်--------(၅၃) နှစ်မှာ လည်ပင်းထိုးသွင်း ဒဏ်ရာ၊ မေးရိုးပြတ်ရှ ဒဏ်ရာ၊ ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာနှင့် ၀ဲဘက်ပါးစောင်ပြတ်ရှ ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး၊ နေအိမ်ပစ္စည်းများအား စစ်ဆေးကြည့်ရာ ရွှေထည် ပစ္စည်းမျိုးစုံ (၂၈၁၆၂၅၀၀) ကျပ်ခန့် ပျောက်ဆုံးနေကြောင်း မှုခင်း မှတ်တမ်းများ အရ သိရသည်။

          ယင်းသို့ လူသတ်ကာ ရွှေထည် ပစ္စည်းများအား ယူဆောင် သွားသည့်ကိစ္စနှင့် ပတ်သက်၍ ကျွန်းလှ မြို့မရဲစခန်းမှ (ပ) ၈၃ / ၂၀၁၅၊ ပြစ်မူပုဒ်မ ၃၀၂ / ၃၉၂ အရ အမှုဖွင့်ကာ တရားခံ ပေါ်ပေါက်ရေး အတွက် စုံစမ်းမှုများ ဆောင်ရွက်နေကြောင်း တိုင်းရဲတပ်ဖွဲ့မူးရုံးမှ သိရသည်။

လင်းလင်းမောင်
The Messenger Media
http://www.messengerdaily.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment