သင်္ဃာန်းညီနောင်-ကော့ကရိတ် အာရှလမ်းမသစ် ဖွင့်ပြီ |
အာရှ အဝေးပြေးလမ်းမ ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ကရင်ပြည်နယ်ထဲက မြဝတီ သင်္ဃာန်းညီနောင် နဲ့ ကော့ကရိတ်ကြား လမ်းသစ် ကို ဩဂုတ်လ ၃၀ ရက်နေ့ မှာ ဖွင့်လှစ် လိုက် ပြီ ဖြစ်ပါတယ်။
ထိုင်း ကုမ္နဏီ က ဖောက်လုပ်ပေးခဲ့တဲ့ အဲဒီ့လမ်း ကို ဒုတိယဝန်ကြီးချုပ် ဆုမ်ကစ် ကျဆူရီပိထပ် Somkid Jatusripitak နဲ့ မြန်မာ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း တို့ က လာရောက် ဖွင့်လှစ် ပေးခဲ့တာပါ။
လမ်းဖွင့်တဲ့ အခမ်းအနား အပြီးမှာပဲ မြဝတီရဲ့ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက် ဘက်ကို ကူးပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားသစ် အမှတ် ၂ တည်ဆောက် ဖို့ ပန္နက်တင် အခမ်း အနား ကိုလည်း ကျင်းပ ခဲ့ ပါတယ်။
ဥရောပ အထိ ဆက်သွယ် နိုင်မယ့် အရှေ့-အနောက် ကုန်သွယ်ရေး စင်္ကနြ် ရဲ့ အစိတ်အပိုင်း တွေ ဖြစ်တဲ့ အခု လမ်း၊ တံတား အသစ်တွေ ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး တိုးတက် စေဖို့သာ မကပဲ မဲခေါင်မြစ်ဝှမ်း ဒေသတွင်း နိုင်ငံတွေ အားလုံး ရဲ့ စီးပွာရေး ဖွံ့ဖြိုးဖို့ရာ လည်း အကျိုး ရှိစေမှာ ဖြစ်တယ် လို့ ဦးဥာဏ်ထွန်းက ပြောပါတယ်။
ဒေါနတောင်ခြေ မှာ လုပ်ခဲ့တဲ့ အဲဒီ့ အခမ်းအနား ကို ကရင်အမျိုးသား အစည်းအရုံးရဲ့ ဥက္ကဌ စောမူတူးဆေးဖိုး လည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီ့ဒေသ မှာ အစိုးရ နဲ့ ဒီကေဘီအေ လက်နက်ကိုင် အဖွဲ့ခွဲ တချို့ အကြားမှာ ပြီးခဲ့တဲ့ လပိုင်း ကမှ တိုက်ပွဲ တချို့ ဖြစ်ပေါ် ခဲ့သလို၊ ဖွင့်ပွဲ အကြို တစ်ရက် မှာလည်း ကော့ကရိတ် မြို့ အနီးမှာ RPG ပုခုန်းထမ်း လောင်ချာ နဲ့ စက်သေနတ် သံတွေ ထွက် ပေါ် လာခဲ့တဲ့ အတွက် လုံခြုံရေး အထူး တင်းကြပ် ချထား ပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment