ကလေးဒေသ အတွက် နောက်ထပ် ထိုးတဲ့ ခေါင်းလောင်းသံ (သို့ )ဟားခါးလေး





 ကလေးမြို့ရဲ့ အနောက်မြောက်ဖက် ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက နတ်မြောင်းချောင်းဘေးပေါ်က မြွေတောင် ဖားတောင်ရင်းက ရွာကလေး (သို့) ဟားခါးလေး။

မနေ့ည ၂၇ ရက်သန်းခေါင်ကျော်မှာ ဖြစ်ပေါ်လာတဲ့ ကပ်ဘေးကြီးက ရေကြီးတာထက် ဆိုးတဲ့ ရွံနွံတွေနဲ့ အတူ သစ်လုံးတို သစ်ကိုင်းစတွေ ၀င်ရောက် ဖျက်ဆီးခြင်းခံရလိုက်တာပါ။

ကံကောင်းတာက နွံတွေ အရင် ရေ ကြိုဝင်ခဲတြာပါ။ လူတွေက သတိထားမိပြိး နိုးနေကြလို့ သစ်တုံးတွေနဲ့ ရွံတွေဝင်လာချိန်မှာ ပြေးနိုင်ခဲ့တာပါ။ မဟုတ်ရင်တော့ သေဆုံးသူ တွေ စာရင်းကောက်ရတာ ခက်ခဲစေမှာပေါ့။
ရာဇဂြိုလ်ချောင်း မာန်လုံချောင်းနဲ့ နတ်မြောင်း ချောင်းဆိုတာတွေက ချင်းပြည်နယ်မှာ မြစ်ဖျားခံပြီး ရေဝေရေလဲ တောတောင် ကြားကနေ အပြိုင်သဘော စီးဆင်းနေကြတာလေ။ သူတို့အားလုံး စီးအား မတိမ်း မယိမ်းတူကြသလို ရေဝေနောနဲ့ သစ်ကြီး ၀ါးကြီး ထူတာလဲ တူခဲ့တာပေါ့။

နှစ်တော်ကြာကြာ လူသားတွေ ခုတ်ယူခဲ့တာကို ခံခဲ့ ရသလို နှစ်တိုအတွင်းမှာ အားပါးတရ ခုတ်ထစ်လဲဖြိုတာကိုလဲ ခံလိုက်ကြရပြန်ပါတယ်။

အဲဒါရဲ့ အကြိုးဆက်က ရေကြီးမှုတင်မက သစ်တိုသစ်စ ဒိုက်တွေရဲ့ နှစ်မြုပ်ခြင်းကိုပါ ခံလိုက်ရတာပါ။
ပထမရေကြီးတော့ မာန်လုံချောင်းနဲ့ ရာဇဂြိုလ်မှာ သစ်လုံးဆိုက်စုံ စုပုံခဲ့ သလို ခုလဲ လူသားတွေ ခုတ်ပြစ်ထားတဲ့ သစ်တွေက နတ်မြောင်းချောင်းမှာ အပြည့်ပါ။ မျောပါလာတဲ့ သစ်တွေကို ကြည့်လိုက်ရင် သစ်ပင် လတ်လတ် ဆတ်ဆတ် မပါသလောက်ပါပဲ။

အခုလိုသာ ဆက်ုပိး ခုတ်နေကြရင်တော့ မိုးမရွာ ရေမကြီးပဲ ဖျက်ဆီး ခံလိုက်ရတဲ့ ဟားခါးလေးကို နမူနာ ယူထားကြပါတော့ လို့ လက်တွေ့ ပြနေပါပြီခင်ဗျား။

သတင်း- ဓါတ်ပုံ။ ။  Thant Zin Lynn
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment