အရက်မူးပြီးမိခင်ကို ဓားဖြင့်လိုက်ခုတ်သူ ယောက်ဖဓားချက်ဖြင့်သေဆုံး


ပုသိမ် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ညောင် တုန်းမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၌ မိခင်ဖြစ်သူကို သားအရင်းက ဓားဖြင့် လိုက်ခုတ် ရာ ယောက်ဖဖြစ်သူ၏ ဓားချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျောင်းစု ကျေးရွာနေ သန်းထိုက်စိုး(ခ) ကြွက်နီ (၃၆ နှစ်) သည် စက်တင်ဘာ ၁၄ ရက် ည ၈ နာရီခန့်က ရွာထဲရှိ အသုဘအိမ်ရှေ့၌ အရက်သောက်စား မူးယစ်ပြီး မိခင်ဖြစ်သူအား ဓားနှင့် လိုက်ခုတ်သဖြင့် ယောက်ဖဖြစ်သူ အောင်ခင်(ခ) မုန့်ကြွပ် (၄၃ နှစ်)က ဝင်ရောက်ဆွဲသဖြင့် တစ်ယောက် တစ်ခွန်းစကားများကြရာ အောင်ခင် (ခ)မုန့်ကြွပ်က ၄င်းနေအိမ်သို့ပြန်ပြီး အရိုးအသွား ခုနစ်လက်မ၊ ဗြက် တစ်လက်မရှိ ဓားဦးချွန်ယူဆောင် လာပြီး လုံးထွေးသတ်ပုတ်စဉ် သန်းထိုက်စိုး(ခ) ကြွက်နီ၏ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိပြီး အခင်းဖြစ်ပွားရာ အသုဘ အိမ်ရှေ့၌ သေဆုံးသွားကြောင်း သိရ သည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ညောင်တုန်းမြို့မရဲစခန်းက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ လှကြည်(ပုသိမ်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment