အင်္ဂလန်မှာ ပြတိုက်ဆိုင်ရာ ပညာရပ်တွေ တိတ်တဆိတ် သင်ကြားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ်ဝင် မင်းသမီးလေး

 

အင်္ဂလန်မှာ ပြတိုက်ဆိုင်ရာ ပညာရပ်တွေ တိတ်တဆိတ် သင်ကြားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ်ဝင် မင်းသမီးလေး

ဂျပန်နိုင်ငံမှာ ဆိုရင်တော့ တော်ဝင်မျိုးနွယ်ဝင် Mako of Akishino မင်းသမီးလေးဟာ ဇိမ်ခံပစ္စည်းတွေပြည့်စုံတဲ့ ဘ၀မှာ နေထိုင်ပါတယ်။

ဒါပေမယ့် သူမဟာ နောက်ဆုံးမှာ သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဗြိတိန်နိုင်ငံ Leicester မြို့မှာ လူမသိသူမသိ နေထိုင်ခဲ့ပြီး ပြတိုက်တစ်ခု ကို ဘယ်လို တည်ဆောက်ပြီး စီမံခန့်ခွဲရမယ်ဆိုတာ ကို သင်ကြားခဲ့ပါတယ်။

မွေးရပ်မြေမှာဆိုရင်တော့ အမြဲတမ်း စောင့်ကြည့်ခံနေရတဲ့ မင်းသမီးလေးဟာ Leicester တက္ကသိုလ် မှာ ပြတိုက်နဲ့ပြခန်းဆိုင်ရာ အနုပညာဘွဲ့အတွက် တိတ်တဆိတ် တက်ရောက်သင်ကြားနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ တော်ဝင်မျိုးနွယ်ဝင် မင်းသမီးလေးဟာ Leicester တက္ကသိုလ်မှာ အခြားကျောင်းသူတွေနဲ့အတူ ခန်းမတွေမှာပဲ နေထိုင်ပြီး ပညာသင်ကြားခဲ့ရှာပါတယ်။

သူမဟာ အင်ပါယာ Akihito ရဲ့ မြေးမလေး ဖြစ်တယ်ဆိုတာကိုလည်း ဂျပန်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ် မိသားစုတွေနေထိုင်ရာ Imperial House of Japan အိမ်တော်ကနေ သတင်းထုတ်ပြန်လိုက်မှ အားလုံးသိသွားခဲ့တာပါ။ သူမ ကိုယ်တိုင်ကတော့ ဒါကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

သူမဟာ အင်္ဂလန်မှာ ရှိနေစဉ်အတွင်း Coventry ပြတိုက်မှာလည်း အလုပ်သင် အတွေ့အကြုံ ရယူခဲ့ပါသေးတယ်။

Leicester တက္ကသိုလ်က ပါမောက္ခဖြစ်တဲ့ ပရော်ဖက်ဆာ Simon Knell က "သူမဟာ ဒီမှာရှိနေစဉ်အတွင်း တစ်ခြားကျောင်းသူတွေလိုပဲ နေထိုင်ခဲ့ပါတယ်။ သူမဟာ အရမ်းယဉ်ကျေးသလို အရမ်းလည်း စိတ်အားထက်သန်မှုရှိပြီး အရမ်းလည်း ထူးချွန်တဲ့အတွက် သူမဟာ သင်ကြားပေးချင်စရာ ကောင်းခဲ့ပါတယ်။ " လို့ဆိုပါတယ်။

သူမဟာ လက်ရှိမှာတော့ ဂျပန်နိုင်ငံကို ပြန်ရောက်နေပြီဖြစ်ပြီး ဇန်န၀ါရီလမှာတော့ သူမရဲ့ စာမေးပွဲရလဒ်တွေထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

( Mario )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment