ခုနှစ်ရက်သားသမီးများအတွက် တားရော့ဝေဒဟောကိန်းများ (သြဂုတ် ၂၀)



တနင်္ဂနွေ
နိုင်ငံရေး လုပ်ဆောင်ချက်များ အားရဖွယ် ကောင်းလောက်အောင် ပြုလုပ်နိုင်သော အဆင့်သို့ မရောက်ရှိသေးပါ။ ဆွေမျိုးတစ်ဦး၏ ကျန်းမာရေး ကိစ္စကို ကူညီရမည်။ ယခုရက်အတွင်း ရေလမ်း ခရီးသွားပါက အခက်အခဲနှင့် ကြုံရမည်။ နေအိမ်သို့ ဦးထုပ်တစ်လုံး ရောက်လာပါက ကံညံ့၏။ ၀န်ထမ်း ဖြစ်ပါက ရာထူးတိုး စာမေးပွဲ ဖြေရမည်။ အောင်မြင်မည်။ ယတြာ ။ ။ တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ မြေဇာ (၉) ညွှန့် ၊ သပြေ (၉) ညွှန့် ၊ ကံ့ကော် (၉) ညွှန့် ကပ်လှူပါ။

တနင်္လာ
ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ပြဿနာ အနည်းငယ်ပေါ်မည်။ ဖြေရှင်းရမည်။ အောင်မြင်မည်။ ယခုရက်အတွင်း စာမေးပွဲ ဖြေပါက အောင်မြင်မည်။ နေအိမ်သို့ နာရီတစ်လုံး ရောက်လာပါက ‘၅’ အစ ‘၇’ အဆုံး အောင်ဘာလေထီထိုးပါ။ ရွှေအရောင်းအ၀ယ်မှာ အမြတ်အစွန်းရမည်။ စာချုပ်စာတမ်း တစ်ခု ပြုလုပ်ရမည်။ ခါးနာမည်။ ယတြာ။။ တနင်္လာနေ့ တနင်္လာထောင့်မှာ ငွေထီး (၂) လက် ကပ်လှူပါ။

အင်္ဂါ
တောင်ကုန်း၊ တောင်တန်းဘက်သို့ ခရီးထွက်ရမည်။ ပရဟိတ လုပ်ငန်း၊ လူမှုရေး လုပ်ငန်းများမှာ အခက်အခဲနှင့် ရင်ဆိုင်ရလိမ့်မည်။ ကျောက်မျက် ရတနာ ရောင်းဝယ်သူ ဖြစ်ပါက အရောင်းအ၀ယ် မှားမည်။ အကြွေးအတွက် စိတ်ညစ်ရမည်။ နိုင်ငံခြား သံရုံးတစ်ရုံးမှာ ဗီဇာ လျှောက်ထားပါက ဗီဇာရမည်။ သွားကိုက်၊ သွားနာဖြစ်မည်။ ယတြာ။။ အင်္ဂါနေ့ အင်္ဂါထောင့်မှာ ဆီထမင်း ကပ်လှူပါ။

ဗုဒ္ဓဟူး
နိုင်ငံရေးစည်းရုံး လှုံ့ဆော်မှုများ အောင်မြင်မည်။ အတိုက်အခံပါတီ၏ ထိုးနှက်မှုများကို အောင်နိုင်မည်။ စီးပွားရေး လုပ်ငန်းမှာ ပြိုင်ဘက်များကို နိုင်မည်။ ရပ်ဝေးမှ သတင်းကောင်း ကြားရမည်။ နေအိမ်သို့ မော်တော်ကားတစ်စီး ၀င်မည်။ နေအိမ်မှာ မှန်ကွဲပါက ဖိနပ်အဟောင်းကို စွန့်ပစ်ပါ။ စာချုပ်စာတမ်း တစ်ခု ပြုလုပ်ရမည်။ ယတြာ။။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ကံ့ကော် (၉) ညွှန့် ၊ မြေဇာ (၉) ညွှန့် ၊ အုန်း (၉) ညွှန့် ကပ်လှူပါ။

ကြာသပတေး
နိုင်ငံရေး လှုပ်ရှားမှုများနှင့် မဲဆွယ် စည်းရုံးမှုများမှာ အမှားအယွင်း ပေါ်တတ်ပါသည်။ နေအိမ်သို့ ပန်းပင်၊ ပန်းအိုးများ ရောက်ပါက ‘၈’ အစ ‘၈’ အဆုံး အောင်ဘာလေထီထိုးပါ။ ၀န်ထမ်း ဖြစ်ပါက ရာထူးတိုး သတင်းကြားရမည်။ နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး ဆုံးရှုံးမှုများမည်။ စာချုပ်စာတမ်း တစ်ခု ပြုလုပ်ရမည်။ ယတြာ။။ ကြာသပတေးနေ့မှာ နေအိမ် ဘုရားစင်တွင် ပဲကြော် (၅) ခု ကပ်လှူပါ။

သောကြာ
နိုင်ငံရေး လုပ်ငန်းများမှာ နောက်ကျော ဓားထိုးခံရမည့် ကိန်းများ ဆိုက်နေပါသည်။ နိုင်ငံရေး လုပ်ဆောင်ချက်များကို ရှေ့သို့တိုးပြီး တက်လှမ်းသော်လည်း နောက်ဘက်သို့ ပြန်လှည့်၍ ကြည့်ပါ။ နိုင်ငံခြားနှင့် ကုန်သွယ်မှု လုပ်ငန်းများ အောင်မြင်မည်။ မော်တော်ကားအသစ် ၀င်မည်။ ပညာရေးနှင့် ပတ်သက်ပြီး သတင်းကောင်း ကြားရမည်။ ယတြာ။။ သောကြာနေ့ သောကြာထောင့်မှာ နှင်းဆီနီ (၁၀) ပွင့် ကပ်လှူပါ။

စနေ
မြေကွက် အရောင်းအ၀ယ်ကိစ္စ အောင်မြင်မည်။ ငွေအထူးဝင်မည်။ နိုင်ငံရေး လှုပ်ရှားမှုများ ထင်ထားသည်ထက် ခရီးရောက်ရမည်။ ပါတီတွင်း စည်းရုံးမှုများလည်း အောင်မြင်မည်။ ဘုရားဖူး ခရီးပေါ်မည်။ ဘာသာရေးနှင့် ပတ်သက်သော ခရီးသွားရမည်။ အမှုဟောင်းရှိပါက နိုင်မည်။ အိမ်ပြင်၊ အိမ်ဆောက်ကိန်းကို အကောင်အထည်ဖော်ရလိမ့်မည်။ ယတြာ။။ စနေနေ့တွင် နေအိမ် ဘုရားစင်မှာ လက်ဖက်သုပ် တစ်ပွဲကပ်လှူပါ။


Source....http://www.messengernewsjournal.com/

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment