အာဂျင်တီးနား ကွင်းလယ်တောင်ပံ ကစားသမား ဒီမာရီယာက မိမိအနေဖြင့် မန်ယူအသင်းတွင် ပါဝင် ကစားစဉ် အခက်အခဲများစွာ ရှိခဲ့သော်လည်း ပီအက်စ်ဂျီသို့ ဟြေင်းရွှေ့ပြီးနောက် အရာရာ အဆင်ပြေနေပြီ ဖြစ်ကြောင်း ဟြေကြားခဲ့သည်။ အသက် (၂၇) နှစ်အရွယ်ရှိ ဒီမာရီယာသည် ပြီးခဲ့သည့်နှစ် နွေရာသီက မန်ယူသို့ စံချိန်တင် ဟြေင်းရွှေ့ကြေးဖြစ်သော ပေါင်(၅၉)သန်းကျော်ဖြင့် ရောက်လာခဲ့သော်လည်း ပုံမှန်ခြေစွမ်း ထုတ်မပြနိုင်သောကြောင့် ပီအက်စ်ဂျီသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ မန်ယူအသင်းသည် ဒီမာရီယာကို ပြန်ရောင်းချရာတွင် ပေါင် (၄၄)သန်းသာ ရရှိခဲ့သဖြင့် အရှုံးပေါ်ခဲ့သည်။ ဒီမာရီယာက မိမိအနေဖြင့် ပြီးခဲ့သည့်ရာသီတွင် အခက်အခဲများစွာ ရှိခဲ့ကြောင်း၊ ဒဏ်ရာများ ကြုံတွေ့ခဲ့ရပြီး ချန်ပီယံလိဂ်ကိုလည်း ကစားခွင့်မရကြောင်း၊ မိမိသည် ရီးရဲလ်နှင့် အတူ ချန်ပီယံလိဂ် ဖလားရယူပြီးနောက် မန်ယူသို့ ရောက်လာပြီး ချန်ပီယံလိဂ်ပွဲ မကစားရခြင်းကြောင့် စိတ်ပျက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ပီအက်စ်ဂျီ၌ ပျော်နေကြောင်း၊ မိသားစုနှင့်လည်း အဆင်ပြေကြောင်း ဟြေကြားခဲ့သည်။
Source.....http://www.messengernewsjournal.com/
0 comments:
Post a Comment