ကျောင်းလခပေးရန် အငှားယာဉ်မောင်းများ ထံမှ ဓားပြတိုက်၍ ငွေလုယက်ခဲ့သူ ကျောင်းသားတစ်ဦးကို ထိုးရဲတပ်ဖွဲ့ဖမ်းဆီး


ဗန်ကောက် ၊ ၁၅-၁၀-၂၀၁၅

ထိုင်းနိုင်ငံတွင် ကျောင်းလခ ပေးရန် အငှားယာဉ်မောင်း များထံမှ ဓားပြတိုက်၍ ငွေလုယက် ခဲ့သူ ကျောင်းသားတစ်ဦးကို ယမန်နေ့တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း ယင်းနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အသက် ၁၈ နှစ်အရွယ် ချာလမ်ယော့ အမည်ရှိ ယင်းတက္ကသိုလ် ကျောင်းသားသည် ကျောင်းလခ ပေးရန် လိုအပ်သည့် ဘတ် ၂၃၈ဝ (၆၆ဒေါ်လာ) ရရှိရန် မြို့တော် အတွင်းရှိ အငှားယာဉ်မောင်း ခြောက်ဦးထံမှ ဓားပြတိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ၄င်းသည် ဓားပြတိုက် ရာတွင် ခြောက်လုံးပြူး သေနတ် အတုတစ်လက် ကို အသုံးပြု၍ အငှားယာဉ်မောင်း များကို ခြိမ်းခြောက် ခဲ့ခြင်းဖြစ်ပြီး ယင်း ဓားပြတိုက်မှု များသည် နံနက် အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ချာလမ်ယော့ ကို ရဲတပ်ဖွဲ့က နောက်ဆုံး အငှားယာဉ်မောင်း သမားထံမှ ဓားပြတိုက်လုယက် ပြီးမှသာ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ ချာလမ်ယော့ သည် စိတ်ပညာ အထူးပြု ကျောင်းသားတစ်ဦး ဖြစ်ပြီး ၄င်း၏ ကျောင်းစရိတ်နှင့် နေရပ်ဖြစ်သည့် နိုင်ငံတောင်ပိုင်း ချွမ်ပွန်ပြည်နယ် သို့ ပြန်ရန် ကားလက်မှတ်ခ လိုအပ် နေသောကြောင့် ယခုကဲ့သို့ ဓားပြတိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment