တိုက်ခိုက်မှုတွေ မဖြစ်အောင် အစ္စရေး လမ်းတွေ ပိတ်ချ


အစ္စရေး စစ်သားတွေ စစ်ဆေးမှု လုပ်နေစဉ် (Credit: Reuters)
 ပါလစ္စတိုင်းသားတွေ ​အစ္စရေးတွေကို ​မတိုက်ခိုက်နိုင်အောင် ​အစ္စရေးက ​ပါလစ္စတိုင်းတွေ ​နေထိုင်တဲ့ ​ဒေသမှာ ​လမ်းတွေ ​ပိတ်ချလိုက်ပါတယ်။

လမ်းပိတ်ချမှုတွေ ​လုပ်ပြီး ​နာရီပိုင်းအတွင်းမှာပဲ ​ဓားနဲ့ ​တိုက်ခိုက်မှု ​နှစ်ကြိမ် ​ဖြစ်ပွားခဲ့ပါတယ်။

ပထအကြိမ်ကတော့ ​အသက် ​၂၀ ​အရွယ် ​လူငယ်က ​လူသွားလူလာများတဲ့ ​ဘူတာနားက ​အစ္စရေး ​လုံခြုံရေး ​သမားကို ​ဓားနဲ့ထိုးဖို့ ​ကြိုးစားတုန်း ​ပစ်သတ်ခံခဲ့ရပါတယ်။

တစ်ခါ ​အသက် ​၂၃ ​နှစ်အရွယ် ​ပါလစ္စတိုင်းသားက ​အသက် ​၇၀ ​အမျိုးသမီးကို ​ဓားနဲ့ထိုးလို့ ​အမျိုးသမီး ​ဒဏ်ရာရသွားပြီးနောက် ​ဓားနဲ့ထိုးခဲ့တဲ့လူကို ​ရဲတွေက ​ပစ်သတ်လိုက်ပါတယ်။

ပါလစ္စတိုင်းသားတွေက ​အစ္စရေးတွေကို ​ဓားတွေ၊ ​သေနတ်တွေ၊ ​ကျောက်ခဲတွေနဲ့ ​တိုက်ခိုက်မှုတွေ ​လုပ်ပြီးတဲ့နောက် ​အစ္စရေးက ​လမ်းတွေ ​ပိတ်ချလိုက်တာ ​ဖြစ်ပါတယ်။

အခုတလော ​အစ္စရေးနဲ့ ​ပါလစ္စတိုင်းအကြား ​အပြန်အလှန် ​တိုက်ခိုက်မှုတွေအတွင်း ​ပါလစ္စတိုင်း ​အယောက် ​၃၀ ​ကျော်နဲ့ ​အစ္စရေး ​နိုင်ငံသား ​၇ ​ယောက်လောက် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

ပါလစ္စတိုင်း ​အာဏာပိုင်တွေကတော့ ​တချို့ ​လူတွေရဲ့ ​လုပ်ရပ်ကြောင့် ​ပါလစ္စတိုင်းသားတွေ ​အားလုံးကို ​အပြစ်ပေးလိုက်တာမျိုး ​မလုပ်သင့်ဘူးလို့ ​ဝေဖန်လိုက်ပါတယ်။

ကြောက်အောင်လို့ ​လုပ်တာဆိုပေမယ့် ​ပါလစ္စတိုင်းသားတွေက ​မကြောက်တဲ့အပြင် ​ပိုပြီးတော့တောင် ​လုပ်ဦးမယ်လို့လည်း ​ကြုံးဝါးနေကြပါတယ်။

လမ်းသွားလမ်းလာတွေက ​ရဲတွေက ​ရှာဖွေ ​စစ်ဆေးမှုတွေ ​လုပ်နေတာ ​ဖြစ်ပါတယ်။

ဂျူးတွေနဲ့ ​မွတ်စလင်ဘာသာတွေ ​အထွဋ်အမြတ်ထားရာ ​သန့်ရှင်းမြေမှာ ​ဂျူးတွေက ​ပိုမို ​နေရာယူလာတဲ့အပေါ် ​မကျေမနပ်ဖြစ်ရာက ​အပြန်အလှန် ​တိုက်ခိုက်ကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment