လင်မယားချင်းစကားများရာက လူသတ်မှုဖြစ်


 နေပြည်တော်၊ အောက်တိုဘာ ၁၅

 ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ဧရာဝတီ တိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ အထွဋ်ကျေးရွာအုပ်စုတွင် လူသတ်မှုတစ်ခုဖြစ်ပွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်စိုး(၄၄)နှစ်မှ ဇလွန်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။

ဦးခင်စိုး၏ တိုင်ကြားချက်အရ အဆိုပါကျေးရွာနေ အောင်ကျော်စိုး(ခ)ဒူးမဲ(၃၇)နှစ်သည် အရက်မူးနေစဉ် ဇနီးဖြစ်သူ မတင်နု(၃၇)နှစ်နှင့် စကားများရန်ဖြစ်ရာက အောင်ကျော်စိုး(ခ)ဒူးမဲမှ ဇနီးဖြစ်သူ၏ မျက်နှာအား ကျောက်ငရုတ်ဆုံဖြင့် ထုသောကြောင့် မတင်နုတွင် ဝဲမျက်လုံးဘေးပေါက်ပြဲ၊ နဖူးရိုးချိုင့်ဝင်၊ ဝဲပါး ချိုင့်ဝင်နှင့် ဝဲမေးစေ့ပေါက်ပြဲဒဏ်ရာများ ရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်စိုး (ခ)ဒူးမဲ အား ဇလွန်မြို့မရဲစခန်း (ပ)၁၉၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment