မုံရွာ - မန္တလေးကားလမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက် လူ(၆) ဦးသေ၊ (၁၃) ဦးဒဏ်ရာရ


ပုံစာ = ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ကားအား မြင်တွေ့ရစဉ်
 မုံရွာ၊ အောက်တိုဘာ ၁၄

 စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ မုံရွေးကျေးရွာအနီး မုံရွာ - မန္တလေး ကားလမ်းမကြီး ပေါ်တွင် အောက်တိုဘာ ၁၄ ရက်နေ့မနက် ၄ နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး ထောက်ကြံ့မြို့နယ်မှ မုံရွာမြို့သို့ ဦးတည်မောင်းနင်းလာခဲ့သော ယာဉ်တစ်စီးသည် လမ်းဘေးသစ် ပင်အား ၀င်ရောက်တိုက်မိရာ ယာဉ်ပေါ်ပါ လူ(၁၉)ဦးအနက် (၆)ဦးသေဆုံးခဲ့ပြီး၊ (၁၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော်မြင့်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်နေ ကိုမျိုးမင်းထွန်း ဆိုသူသည် တိုယိုအေ့စ် အဖြူရောင်အမျိုးအစား ယာဉ်အမှတ် 6I / ….. ယာဉ်အား မောင်းနင်းလာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းနင်းသူသည် ရုတ်တရက် အိပ်ငိုက်ပြီး လမ်းဘေးအနီးရှိ ထနောင်းပင်အား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ယာဉ်အမှုစစ် ရဲအုပ် အောင်နိုင်က သုံးသပ်ထားကြောင်း သိရသည်။ ထို့ကြောင့် ၎င်းယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် အမျိုးသမီး(၆)ဦးမှာ အဆိုပါ နေရာတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးသွားခဲ့ရပြီး ကျန်(၁၃)ဦးမှာ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

၎င်း ယာဉ်မတော်ဆမှုနှင့်ပတ်သက်၍ အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာဒုတပ်ဖွဲ့ခွဲရုံးရှိ ရဲအုပ် အောင်နိုင်က အဆိုပါ ယာဉ်မောင်းအား တရားဥပဒေအရ အရေးယူပေးရန် မုံရွာမြို့မရဲစခန်းတွင် တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်တန်းခဲ့သည်။ ထို့ကြောင့် ရဲစခန်းက ယာဉ်(ပ)၁၆၅/ ၂၀၁၅ ပုဒ်မ ၃၃၇/၃၃၈ / ၃၀၄(က) အရ အမှုရေးဖွင့်၍ ဒဏ်ရာရလူနာများအား ကူညီကယ်ဆယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment