ကြိုက်တာပြော ဆောင်ရွက်ပေးမည်ဟု တရုတ်အစိုးရ အရာရှိများက ကမ်းလှမ်းခဲ့ဖူးကြောင်း ဒေါက်တာအေးမောင်ပြော


 ပြီးခဲ့သည့် ဇူလိုင်လက သွားရောက်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း တရုတ်အစိုးရအရာရှိများက ၎င်းအား ငြင်းဆန်မရသည့် ကမ်းလှမ်းမှုမျိုးဖြင့် ကမ်းလှမ်းခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

''ကြိုက်တာပြော ကျွန်တော်တို့ ဆောင်ရွက်ပေးပါမယ်''ဟု တရုတ်အစိုးရအရာရှိများဘက်မှ ကမ်းလှမ်းချက်ကို ဒေါက်တာအေးမောင်က ရည်ညွှန်းပြောဆိုသည်။

ANP သည် အင်အားကြီးတိုင်းရင်းသားပါတီကြီးတခုဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အင်အားအကြီးမားဆုံးသောပါတီ ဖြစ်သည်။ တရုတ်အစိုးရ၏ အထက်ပါကမ်းလှမ်းချက်သည် တရုတ်အစိုးရက ၎င်းတို့အတွက် မဟာဗျူဟာမြောက်အရေးပါသော ရခိုင်ပြည်နယ်ကို မည်သို့သဘောထားသည်ကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်းရှိ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှစ်ခုဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ကိုလည်း ရွေးကောက်ပွဲမတိုင်မီ ကြိုတင်၍ ကာကွယ်လိုသော သဘောလည်း ဖြစ်သည်။

တရုတ်အစိုးရက အတိုက်အခံပါတီတခုနှင့် ထိုသို့ဆက်ဆံခြင်းသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်အတွက် ကြားဝင်မစွက်ဖက်ရေးပေါ်လစီကို ပြောင်းလဲလိုက်ခြင်းပင် ဖြစ်သည်။

''ကျွန်တော်တို့က တရုတ်မကလို့ အမေရိကန်၊ စင်ကာပူပဲဖြစ်ဖြစ် အိန္ဒိယ အစိုးရက ကမ်းလှမ်းတယ်ဆိုရင်လည်း ကြိုဆိုမှာပါပဲ။ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးဖို့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လိုအပ်ပါတယ်''ဟု ဒေါက်တာ အေးမောင်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ANP ပါတီ ပြတ်ပြတ်သားသားအနိုင်ရရှိမည်ဟု ခန့်မှန်းချက်များရှိနေပြီး ဒေါက်တာအေးမောင်သည်လည်း အရေးပါသော ပြည်နယ်ဝန်ကြီးချုပ်ရာထူး ရရှိမည်ဆိုသော ထင်ကြေးပေးမှုများ ရှိနေသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏အကျိုးစီးပွားအတွက် ဒေါက်တာအေးမောင်သည် တရုတ်အစိုးရအတွက် အရေးပါသော ပုဂ္ဂိုလ်တဦးဖြစ်လာသည်။

အထူးသဖြင့် ကျောက်ဖြူမြို့သည် တရုတ်အတွက် သဘာဝရင်းမြစ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသော မြို့ဖြစ်သည်။ တရုတ်အစိုးရအနေနှင့် အမေရိကန်ရေတပ်စခန်းများရှိရာ မလက္ကာ ရေလက်ကြားကို ရှောင်ရှား၍ အရှေ့အလယ်ပိုင်းမှရေနံကို ကျောက်ဖြူ- ယူနန် ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် တရုတ်ပြည်သို့ မြန်မာပြည်ကို ဖြတ်၍ တိုက်ရိုက်တင်ပို့လျက်ရှိသည်။

ဒေါက်တာအေးမောင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဖူကျန်းနှင့် ဂွီဂျူးပြည်နယ်များသို့ ဇူလိုင်လက အလည်အပတ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရသည် ပြည်ခိုင်ဖြိုးပါတီမှ သမ္မတ ဦးသိန်းစိန်၊ NLD မှ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်သာ တွေ့ဆုံဖိတ်ကြားခြင်းများရှိခဲ့ပြီး တိုင်းရင်းသားပါတီများ အနက် ANP ကိုသာ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြာင်း တရုတ်ကွန်မြူနစ်ပါတီနိုင်ငံခြားရေးဌာနမှ အရာရှိတဦးက ပြောသည်ဟု ဒေါက်တာအေးမောင်က ပြောသည်။

ယင်းနှင့်ပတ်သက်၍ ''ANP နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားလာတာ သူတို့ရဲ့ပေါ်လစီ အပြောင်းအလဲလို့ ကျွန်တော်ထင်တယ်''ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

Ref; Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment